Ep - 9

356 46 19
                                    

Zawgyi

တိမ်ကင်းစင်တဲ့ကောင်းကင်...
လေမတိုက် လှိုင်းမထတဲ့ပင်လယ်
ရေမျက်နှာပြင်...
တည်ငြိမ်စွာခုတ်မောင်းနေသော
အပန်းဖြေသဘောင်္ကြီး...

အဲ့ဒီလိုအခြေအနေမှ တိမ်ကင်းစင်သော
မိုးပြာရောင်ကောင်းကင်ကြီးဟာ
မမျှော်လင့်ထားစွာ မိုးတိမ်မဲများ
အုံလိုက် အစုလိုက်ဖြစ်ပေါ်လာပြီး
မိုးတိမ်များထဲတွင်လျှပ်စီးကြောင်းများ
ပါတစ်ဖျက်ဖျက်ရောပါလာကြတော့
သည်...
ဖြည်းညှင်းစွာတိုက်ခတ်နေကြတဲ့
ပင်လယ်လေပြည်ညှင်းများမှာ
သေဘာၤ၏အေနာက္ဘက္အရပ္မွ
အရှိန်ပြင်းစွာတိုက်ခတ်လာကြပြီး
သဘောင်္ကိုအရှေ့ပိုမိုရွေ့လျားသွား
စေသည်...
ပြန့်ပြူးနေတဲ့ပင်လယ်ရေမျက်နှာပြင်
ဟာလည်း ရုတ်တရက်ဆိုသလို
လှိုင်းကြက်ခွပ်များစွာဖြစ်ပေါ်လာပြီး
လှိုင်းလုံးကြီးများအဖြစ်သို့ကူးပြောင်း
လာကြကာပို၍ ပို၍ဆိုးဝါးလာပြီး
သဘောင်္ကိုတောင်ယိမ်းယိုင်စေလာ
တော့သည်...

မုန်တိုင်းအချက်ပြသင်္ကေတလည်း
မပေါ်တာကြောင့်သဘောင်္ကပ္ပတိန်
မှာဇောချွေးပျံလာရသည်...
ပိုဆိုးတာကသေဘာၤကို
သူလိုသလိုထိန်းချုပ်လို့မရတော့ပဲ...
အရှေ့မှာမြင်နေရတဲ့
တိမ်ဆိုင်တိမ်မဲနှင့်တလျှပ်လျှပ်
တဖြတ်ဖြတ်ဖြစ်တည်နေတဲ့
မုန်တိုင်းနယ်မြေအတွင်းကိုသာ
တဇွတ်ထိုးရွေ့လျားသွားနေတော့
သည်...

"ဘာလုပ်နေတာလဲ!...
သဘောင်္ကိုပြန်ကွေ့လေ!..."

"သင်း သဘောင်္ကထိန်းချုပ်လို့မရတော့
ဘူး..."

ကပ္ပတိန်ရဲ့ချီတုန်ချတုန်ဖြစ်နေမှုကြောင့်
စောင့်ကြည့်နေတဲ့ဓားပြတစ်ယောက်
က ကပ္ပတိန်ကိုဘေးဘက်တွန်းလွှတ်
ကာသူကိုယ်တိုင်ပဲ့ဝင်ထိန်းကြည့်
သည်...
ဒါပေမဲ့လည်း မထူးခြားနားသာ...

"ခလွမ်း!...ဝေါ🌊🌊!!!..."

"အား!!!..."

သဘောင်္ကိုတောင်ဖုံးအုပ်လုမတတ်
ဖြစ်နေတဲ့ဧရာမလှိုင်းလုံးကြီးဟာ
ပဲ့ထိန်းခန်းအရှေ့မှန်ကိုအရှိန်ပြင်းစွာ
ရိုက်ခတ်လာပြီး၂လက်မအထူရှိတဲ့
မှန်ပြင်ကအက်ကွဲစေသည်...
အက်ကွဲရာကြားမှ ရေပန်းရေစင်များ
ပန်းထွက်လာကြပြီးအက်ကွဲနေတဲ့
မှန်ကို တစ်စစီကွဲအက်လွှင့်ထွက်
သွားစေကာ သဘောင်္ကိုပဲ့ထိန်းနေတဲ့
ဓားပြတည့်တည့်
ရေအလုံးလိုက်အရင်းလိုက်အပြင်
မှန်ကွဲစအမြောက်အများပါ
ထိမှန်သွားတော့တယ်...
ပဲ့ထိန်းခန်းအတွင်းရှိ
တစ်ယောက်တစ်လေမှ
ရေလှိုင်းလုံးကြားမှလွှတ်မြှောက်
သူမရှိခဲ့...

🐉 The beast island 🐉Where stories live. Discover now