Ep - 3

435 42 4
                                    

Zawgyi

"ရှောင်ကျန့်ရာဘာမှမဖြစ်ခဲ့လို့တော်သေး
တာပေါ့...ဒါကြောင့်ကောပြောပါတယ်...
VIPအပေါက်ကဝင်ပါမယ်ဆိုတာကို..."

ရှောင်ကျန့်ရိုက်ကူးရေးအဖွဲ့တွေနဲ့
ပြန်ဆုံတာနဲ့မူဟန်ကစိုးရိမ်သောက
ရောက်စွာရှောင်ကျန့်ကိုခလေးမအေကြီး
၁ယောက်လိုပြောဆိုလာခြင်း...

"ကျွန်တော်ဘာမှမဖြစ်တာမူကော
မြင်ပြီမလား...ဘာမှပူပန်မနေနဲ့တော့
နော်...ကျွန်တော်နားချင်ပြီ..."

"ကောင်းပြီ...ကောတို့အနားယူမဲ့အခန်း
ကဒုတိယထပ်မှာ သွားစို့..."

"အွန်း..."

မူဟန် ရိုက်ကူးရေးအဖွဲ့သားများကို
အကျိုးကြောင်းပြောပြလိုက်ပြီး
လမ်းခွဲကာ ရှောင်ကျန့်နဲ့သူ့ရဲ့
luggageကိုလက်တစ်ဖက်ဆီက
ဆွဲကာအနားယူမဲ့အခန်းဆီ
သွားကြတော့တယ်...
သဘောင်္ကအထပ်၎ထပ်ရှိတယ်...
ပထမထပ် အပန်းဖြေနေရာမျိုးစုံနဲ့
စားကာင်းသောက်ဖွယ်ဆိုင်မျိုးစုံ
ရှိသောနေရာ...
ဒုတိယထပ်နဲ့တတိယထပ်က
အိပ်စက်အနားယူတဲ့နေရာဖြစ်ပြီးတော့
စတုတ္ထထပ်ကတော့စက်အခန်း
ဖြစ်တယ်...

ဒုတိယထပ်ရောက်တော့အကွေ့ကောက်
စင်္ကြန့်တစ်လျှောက်နည်းနည်းလှမ်းပြီး
တာနဲ့သူတို့နေမဲ့အခန်းရှေ့ရောက်
လာတယ်...

"ဒီအခန်းပဲရှောင်ကျန့်...မျက်နှာချင်းဆိုင်
အခန်းမှာကောရှိမယ် လိုအပ်တာရှိရင်
ဖုန်းဆတ်..."

ရှောင်ကျန့် မူဟန်ပေးတဲ့အခန်းသော့
နဲ့luggageကိုယူပြီး အခန်းသော့ဖွင့်
ကာဝင်သွားတယ်...
အခန်းထဲရောက်တာနဲ့luggageကို
မဖွင့်အားသေး ကြမ်းပေါ်ဒီတိုင်းပစ်ချ
ကာပင်ပန်းလာတဲ့စိတ်ကောကိုယ်ကော
ကိုအိပ်ယာပေါ်ပစ်လှဲချပြီး
မျက်လုံးမှိတ်ကာ အားရပါးရအနား
ယူလိုက်တယ်...
ပြန်နိုးလာတော့ညပင်ရောက်လို့
၆နာရီလောက်ရှိနေပြီ...

ဖုန်းကိုဖွင့်ကြည့်လိုက်တော့
မူဟန်messageပို့ထားတာတွေ့တာ
နဲ့ဖွင့်ဖတ်ကြည့်လိုက်တယ်...
ရိုက်ကူးရေးအဖွဲ့သားတွေအချင်းချင်း
ရင်းနှီးမှုရအောင်ပြုလုပ်ပေးတဲ့
dinner partyပွဲအသေးစားလေးကို
လာခိုင်းချင်း...
ပါတီက၆နာရီခွဲစမှာမို့ရှောင်ကျန့်
ပြင်ဆင်ချိန်နာရီဝက်ရသးတယ်...
အားရပါးရအိပ်ပစ်လိုက်ရတာမို့
ခန္ဓာကိုယ်ကနုံးချိနေဆဲပေမဲ့
စိတ်ကတော့ပေါ့ပါးလို့နေတယ်...
သေချာတာပေါ့...
မနက်ပိုင်းတွေမှာတော့ဟိုအိပ်မက်ဆိုး
မမက်လို့...

🐉 The beast island 🐉Where stories live. Discover now