Ep - 8

372 40 8
                                    

Zawgyi

အပန်းဖြေသဘောင်္ကြီးဟာ
တရုတ်ရေပိုင်နက်ကိုကျော်လွန်ပြီး
ဦးတည်ရာမဲ့စွာရွေ့လျားနေလေသည်...
ထိုအပန်းဖြေသဘောင်္နှင့်
မလှမ်းမကမ်းတွင်လည်း
dark pirateအဖွဲ့ရဲ့
သဘောင်္ကြီးကထပ်ကြပ်မကွာ
လိုက်ပါလာနေခဲ့တယ်...

"ဒါသေဘာၤေပၚကလူအကုန္ပါပဲ
ခေါင်းဆောင်..."

စားသောက်ခန်းမကြီးထဲမှာ
လူများစွာကိုစုဝေးစေပြီး
ဘေးပတ်ပတ်လည်များ
သေနတ်ကိုင်ထားတဲ့လူများက
စောင့်ကြည့်နေကြသည်...
ကျိုက်မန်အမည်ရတဲ့ဓားပြဖွဲ့
ခေါင်းဆောင်ဟာ ကြမ်းပေါ်
စုပြုံထိုင်နေကြသောလူအများရှေ့
သူ့တပည့်တစ်ယောက်ယူလာပေးတဲ့
ထိုင်ခုံမှာထိုင်လိုက်ပြီး
ဝါကျင်နေတဲ့သွားများကို
လစ်ဟပြကာရီလျက်...

"ကဲ လူစုံပြီဆိုတော့ လူကြီးမင်းတို့ကို
စကားနည်းနည်းပြောခွင့်ပြုပါ...
ဘာရယ်မဟုတ်ပါဘူး...
လူကြီးမင်းတို့ဆီကအလှူခံချင်တာပါ..."

နောက်တပည့်တစ်ယောက်ယူလာ
ပေးသောလေးထောင့်ပုံးကြီးကို
ဂျီးအပြည့်လက်ကြီးနဲ့ညွှန်ပြကာ...

"ပါလာတဲ့အဖိုးတန်ပစ္စည်းမှန်သမျှ
ဒီထဲကိုယ်တိုင်လာရောက်
ထည့်ပေးကြပါ...မထည့်ရင်တော့..."

ကျိုက်မန်ရဲ့မျက်နှာပေါ်ကနဂိုရှိ
အပြုံးကြီးဟာရွံရှာဖွယ်ပိုမိုကျယ်ပြန့်
လာပြီးခါးကြားထဲကပစ္စတိုကို
ထုတ်ကာသူ့အရှေ့မျက်မှန်းတန်းမိသူ
တစ်ယောက်ကိုနဖူးတည့်တည့်
"ဒိုင်း!..."ခနဲမြည်အောင်ပစ်ထည့်
လိုက်ပြီး...

"သူ့လိုရေဝေးကိုလက်မှတ်မလိုပဲ
ရောက်သွားရလိမ့်မယ်နော်..."

ကျိုက်မန်စကားအဆုံးသတ်တာနဲ့
လူတွေအကုန်ဒူးတုန်လက်တုန်နဲ့
သူတို့ဝတ်တင်ထားသော
အဖိုးကြီး အဖိုးတန်ရတနာမှန်သမျှ
တစ်ခုမကျန်ချွတ်လျက်
ချပေးထားသောပုံးထဲ
မတုန့်နှေးရဲပဲထည့်ကြရတော့သည်...
အသက်ထက် ဥစ္စာပစ္စည်းကို
ပိုတန်ဖိုးထားချင်ကြတဲ့သူများက
တော့သူတို့ကိုယ်မှာရှိတဲ့
လက်ဝတ်လက်စားများကိုဖွက်ရန်
ကြံစည်ကြပေမဲ့လည်း
ကျိုက်မန်ပြောခဲ့သလို အနားစောင့်ကျပ်
နေကြတဲ့ဓားပြတွေရဲ့လက်ထဲက
သေနတ်ရဲ့ကျည်ဟာထိုလူများရဲ့
ကိုယ်တွင်းဖောက်ထွင်းဝင်ရောက်
သွားကြတော့သည်...

🐉 The beast island 🐉Where stories live. Discover now