Ep - 6

451 43 3
                                    

Zawgyi

🔞 warning 🔞

ရှောင်ကျန့်ညမိုးချုပ်တဲ့အခါ
ရိပေါ်နဲ့သဘောင်္ပထမထပ်ကို
တက်လာကြတယ်...
pantအနီလေးနဲ့T shirtအဖြူ ကို
ဂျက်ကတ်အဖြူ နဲ့ရိုးရိုးရှင်းရှင်းပဲ
ဝတ်ဆင်လိုက်တယ်ဆိုပေမဲ့
လူတွေကြားထဲတော့ထင်းထွက်လို့
နေဆဲပေါ့...

လနတ်သားလေးများလူ့ပြည်ကို
ဆင်းသတ်လာသလားထင်မှားမိစေ
တယ်...
ရိပေါ်ကတော့အနက်ရောင်ဘောင်းဘီ
အဖြူ ရောင်ရှပ်နဲ့အနက်ရောင်ဂျက်ကတ်
ကိုဝတ်ဆင်လို့ထားတယ်...
၂ယောက်လုံးကတိုင်ပင်ထားကြတာ
မဟုတ်သော်ငြား အပြင်ဆင်က
စုံတွဲလို့အထင်မှားမိစေတယ်...

ရောင်စုံမီးသီးလေးများချိတ်ဆွဲထားပြီး
မြူးမြူးကြွကြွသံစဉ်များနဲ့ယာမကာ
မျိုးစုံ စားစရာမြည်းစရာပေါင်းစုံများ
တည်ခင်းပေးထားတဲ့ ပျော်ရွှင်ဖွယ်ရာ
အပန်းဖြေသဘောင်္ပေါ်ကပါတီပွဲလေး...
ရိပေါ်ကလက်ထဲဝိုင်နီတစ်ခွက်
ကိုင်ကာတစ်မြည့်မြည့်သောက်နေပေမဲ့
ရှောင်ကျန့်ကတော့...

"မူကောတစ်ခွက်ထဲပဲလေဗျာ..."

"မရဘူးရှောင်ကျန့် မင်းက ယာမကာ
ဒဏ်ခံနိုင်တာလည်းမဟုတ်ဘူး..."

ရှောင်ကျန့်အရောင်မျိုးစုံ ဒီဇိုင်းမျိုးစုံရှိလှ
တဲ့ယာမကာပုလင်းနဲ့ဘူး
မျိုးစုံကိုရှေ့မှာထားပြီး
လိမ္မော်ရည်သာသောက်နေရတယ်...

"တစ်ခွက်တော့ရပါတယ်...
ကျွန်တော်အယ်လ်ကိုဟောသိပ်မပါတဲ့
ဟာတစ်ခွက် မဟုတ်ဘူး တစ်ဝက်ပဲ
သောက်မယ်လေဗျာ...
နော် မူကော နော်လို့..."

"မနက်ဖြန်ဓာတ်ပုံရိုက်ကူးရေးလည်း
ရှိသေးတယ်လေ...လိမ္မာစမ်းပါ...
ဟိုပြန်ရောက်ရင်ကောသောက်ခိုင်းမယ်
ဟုတ်ပြီလား..."

စည်းကမ်းတင်းကျပ်လှစွာသော
မူဟန်ကြောင့်ရှောင်ကျန့်မျက်နှာ
မကောင်းစွာနဲ့ပဲလိမ္မော်ရည်နဲ့
နှစ်ပါးသွားရတော့တယ်...
ပျော်ရွှင်ခုန်ပေါက်နေကြတဲ့
လူသူတွေကြားထဲ မပျော်မရွှင်မျက်နှာ
လေးနဲ့ငြိမ်နေတဲ့ရှောင်ကျန့်ကို
ရိပေါ်ကြည့်နေရင်းစိတ်အလိုမကျ
ဖြစ်လာရတယ်...
ရှောင်ကျန့်မပျော်ရွှင်ရင် ရိပေါ်လည်း
မပျော်ရွှင်နိုင်ဘူး...
ဒါကြောင့်မင်းသမီးအန်ပင်းပင်းနား
သွားကပ်နေတဲ့ကျန်းဖုန်းကို
သွားဆွဲခေါ်လာပြီး နားနားကပ်ကာ
တီးတိုးပြောဆိုလိုက်တယ်...

🐉 The beast island 🐉Where stories live. Discover now