Ep - 12

429 45 7
                                    

Zawgyi

ရိပေါ် ရှောင်ကျန့် ကျန်းဖုန်း နှင့် မူဟန်
တို့အတူ ငှက်ပျောခိုင်တစ်ခိုင်နှင့်
ကံကောင်းကာရှာတွေ့ခဲ့သည့်
တစ်နေရာတွင်
တစ်စုတစ်ဝေးတည်းပေါက်ရောက်
နေတဲ့သီဟိုဠ်ပင်များဆီမှခူးလာတဲ့
သီဟိုဠ်သီး၎ ၅ ၁၀လုံးဖြင့်စခန်းချရာနေရာ
ပြန်လာကြတယ်...
ငှက်ပျောခိုင်ကအဖျားပိုင်းက
စိမ်းနေသေးပေမဲ့
အရင်းပိုင်းကကောင်းကောင်းမှည့်နေ
ပြီ...
ရိပေါ်ရဲ့သက်သေဖျောက်မှုတော်ချက်
ကြောင့်လမ်းမှာသူတို့ငှက်ပျောသီးမှည့်
၂ဖီးကိုလက်ဆဖျောက်လိုက်တာ
မည်သူမှမသိခဲ့...

လူအားလုံးစုပြီးချိန် တောထဲမှ
သစ်သီးသစ်ဥသစ်ဖုတော်တော်များများ
ရရှိခဲ့ကြတယ်...
ဒါပေမဲ့ ဘယ်လောက်ပဲ
အပင်ပန်းခံရှာဖွေခဲ့သည်ဖြစ်စေ
ဓားစာခံများအတွက်ဝေစုဆိုတာ
အနည်းငယ်မျှရှိမနေခဲ့ပါချေ...
ကျိုက်မန်နှင့်သူ့အဖွဲ့ တစ်ဖြဲနှစ်ဖြဲ
စားဖို့ရာအတွက် ဓားစာခံများဟာ
သူတို့ဝမ်းအဟာခံကာ
စားစရာရှာဖွေပေးပြီးကာမှ
ကျိုက်မန်ကစေတနာတုန့်ပြန်သည့်
အနေနှင့်ဆိုကာ ဓားစာခံများကို
နောက်ထပ်စားစရာရှာဖွေ
စားသောက်စေတယ်...

"ဒိုင်း! ဒိုင်း!..."

ကျိုက်မန်နှင့်သူ၏အဖွဲ့
ဓားစာခံများအပင်ပန်းခံရှာဖွေပေးထား
တဲ့အစားအသောက်များကို
ဝက်လိုမြိုဆို့နေကြတုန်း
တောတွင်းဘက်ဆီမှသေနတ်ပစ်သံ
များညံစီစွာဆတ်တိုက်ထွက်လာခဲ့
တယ်...

"ဘာတွေဖြစ်နေတာလဲ...
ဓားစာခံတွေထွက်ပြေးတာလား...
၂ယောက်လောက်သွားကြည့်ကြစမ်း..."

သူကတော့အဆတ်မပြတ်
ဆတ်စားသောက်နေခဲ့ပြီး
အခြေနေကြည့်ဖို့လူလွှတ်လိုက်
တယ်...
Wနဲ့ရိုင်းနက် သေနတ်သံကြားရာဘက်
သူတို့လက်နက်များဆွဲကိုင်လျက်
ထွက်ခွာသွားကြတယ်...
သူတို့ရောက်ရှိသွားချိန်မှာ
မြင်တွေ့ရသည်က
ဓားစာခံများထွက်ပြေးလို့
သေနတ်နဲ့ပစ်သတ်နေခြင်း
မဟုတ်ပဲ လူတွေကိုတိုက်ခိုက်နေသည့်
တစ်ခါမှမမြင်ဘူးသော
အမည်မသိသတ္တဝါသို့တည်းမဟုတ်
အပင်ကြီးအားသေနတ်ဖြင့်
ပစ်ခတ်တားဆီးနေခြင်း...

🐉 The beast island 🐉Where stories live. Discover now