Ep - 14

345 51 8
                                    

Unicode

TBS
"ဂျွတ်!..."

အရိုး‌ေြခာက်စုတောအုပ်ကိုသဲဖုန်များလွှမ်းနေ
လို့သဲတွေချည်းသာရှိတယ်ထင်ရပေမဲ့
တကယ်တမ်း‌ေြခချကြည့်မှသာ
သဲမှုန့်တွေအောက်မှာသစ်ခြောက်စများရှိနေ
သည်ကိုသတိထားမိကြသည်...

လူတိုင်းကသစ်ဆွေးသစ်ကိုင်းခြောက်တွေ
လို့ထင်နေကြပေမဲ့ရိပေါ်ရဲ့
အာရုံစူးရှမှုအရ ထိုတစ်ဂျွတ်ဂျွတ်မြည်ကာ
အနင်းခံနေရသောအရာများမှာ
အရိုးစုတွေမှန်းသေချာလွန်းလှသည်...

တစ်ချို့တစ်ချို့များဆိုရင်
ဖိနပ်ခံထားတာတောင် ခြေထောက်မှာ
ပေါက်ပြဲကွဲအပ်ကာ သွေးချည်ဥနေကြပြီ...
အဲ့လိုမျိုးတော့ရိပေါ်ကသူ့ရဲ့နုနုနယ်နယ်
ရွှေမင်းသားလေးကိုအဖြစ်မခံနိုင်တာ
ကြောင့် အရိုးခြောက်စုတောအုပ်ထဲစဖြတ်
ထဲကရှောင်ကျန့်ကိုတောင်ခွင့်တောင်း
မနေတော့ပဲတစ်ခါတည်းချိုင်းကနေ
ဆွဲမကာကုန်းပိုးခေါ်လာခဲ့ပြန်သည်ပေါ့...

ရိ‌ေပါ်ရဲ့ဂရုစိုက်မှုတွေကိုကျင့်သားရနေပြီ
ဖြစ်တဲ့ရှောင်ကျန့်မှာလည်း
ရိပေါ်ရဲ့ဇွတ်တရွတ်ဆန်မှုကိုသိနေတာ
ကြောင့်ရှည်ရှည်ဝေးဝေးပြောမနေတော့ပဲ
ရိပေါ်ကျောပေါ်ကနေသာ
ငြိမ်သတ်စွာလိုက်ပါလာခဲ့တယ်...

အရင်ကလို အားနာမှုတွေ ငြင်းဆန်မှုတွေ
ရှိမနေတော့တဲ့ရှောင်ကျန့်ကြောင့်
ရိ​ေပါ်စိတ်ကျေနပ်လို့မဆုံး...
​ှေရှာင်ကျန့်ကိုသယ်ထားရတာတောင်
တစ်ခြားသူတွေထပ်ခြေလှမ်းတွေက
မြန်ဆန်ပေါ့ပါးနေခဲ့တယ်...

"အား!..."

တွန့်ဆုတ် တွန့်ဆုတ်နဲ့ဟိုတစ်စု ဒီတစ်စု
သွားနေကြတဲ့လူအုပ်ကြားထွက်ပါ်လာတဲ့
အော်ဟစ်သံ...
"အား!''ဆိုသော်အသံက သံရှည်စွဲကာကြားရ
ခြင်းမဟုတ်ပဲတုံးတိ စဣန့္ပိုင္းြခားေလး
သာကြားလိုက္ရသည္မို့
အစောပိုင်းထဲကကြောက်စိတ်များ
ကြည်းစိုးနေကြသည့်သူများမှာ
‌ေခြထောက်များခဲစွဲထားသလို
နေရာမှဆတ်မရွေ့နိုင်ကြတော့ပေ...

ဘေးဘီတောင်မြှောက်ကြောက်လန့်
တကြား‌ေသနတ်များဝေ့ဝဲချိန်ကာ
သွေးရူးသွေးတန်းဖြစ်နေကြသော
ဓားပြအုပ်စုမှာလည်း
သူတို့ပတ်ဝန်းကျင်ကပုံမှန်ဖြစ်နေခြင်းနဲ့
သာရင်ဆိုင်ကြရသည်...
အစောပိုင်းကနာနာကျင်ကျင်အော်သံဟာ
လူအုပ်ကြား သူတို့အနီးတစ်ဝုိက်ကထွက်
‌ေပါ်လာတာမှန်သော်ငြား
မည်သူမှထူးဆန်းမှုကိုရှာဖွေ၍မရ...
ရိ‌ေပါ်ကလွဲလို့ပေါ့...

🐉 The beast island 🐉Where stories live. Discover now