Ep - 15

309 31 7
                                    

Unicode

လူ၅ယောက်လောက်ဆုံးရှုံးခံပြီးမှ
စိမ်းစိမ်းစိုစိုတောအုပ်ထဲကိုရောက်လာကြ
ပေမဲ့ လူတိုင်းမသိသေးတာက
သူတို့အရိုးခြောက်စုတောအုပ်ရဲ့အလွန်ကို
မရောက်သေးဘူးဆိုတာပါပဲ...

ဘယ်လိုပြောရမလဲ...
သဲကန္တာရထဲကအိုအေစစ်လို
ခု သူတို့ရောက်ရှိနေတဲ့နေရာကလည်း
အရိုးခြောက်စုတောအုပ်ထဲက အိုအေစစ်လို
နေရာပေါ့...
ဒါပေမဲ့ သဲကန္တာရအိုအေစစ်လို
ပျော်ရွှင်ခြင်းကိုယူဆောင်လာပေးမဲ့
နေရာတော့မဟုတ်ပဲ စိတ်ဆင်းရဲခြင်းကိုသာ
ယူဆောင်လာပေးမဲ့နေရာပါပဲ...

စိမ်းစိုနေသောအပင်ပေါင်းစုံအပြင်
ပင်မြင့်များပေါ်တွင်လည်း သစ်ခွပန်းနှင့်
ဆင်သည့် အရောင်သွေးမျိုးစုံ ပန်းများဟာ
လည်းပေါက်ရောက်နေကြသည်...
မြေပြန့်တွင်လည်း မမြင်ဘူးသည့်
ထူးထူးဆန်းဆန်းအပင်မျိုးစိတ်နှင့်
ပန်းမျိုးစိတ်များစွာရှိနေခြင်းက
ရုက္ခဗေဒပညာရှင်များအဖို့တော့နိဗ္ဗာန်ဘုံ
အလားပေါ့...

အန္တရာယ်ဆိုတဲ့အရာကြီးသာရှိမနေခဲ့ရင်
ယခုသူတို့ရောက်ရှိနေတာ
လှပသောပန်းဥယျဥ်ကြီးတစ်ခုပါပဲ...
ဒါပေမဲ့တစ်ချို့သောအရာတွေက
အလွန်လှပသလောက် အဆိပ်လည်း
ပြင်းသတဲ့...

"ကဲ ငါတို့တွေအရိုးခြောက်စုတောအုပ်ထဲက
လွတ်မြောက်လာပြီဆိုတော့ ပန်းတိုင်နဲ့
ပိုနီးစပ်လာပြီလို့ဆိုရမယ်...
မကြာခင်မှောင်လည်းမှောင်တော့မှာဆိုတော့
ရှေ့နည်းနည်းဆတ်သွားပြီး အနားယူကြတာ
ပေါ့..."

လူအုပ်အစွန်းဘက်နားကနေ
ကျိုက်မန်ရဲ့အမောစို့ ပြောသံကိုကြားလိုက်
ရတယ်...

*ဒီသေနာကြီးသေကိုမသေနိုင်သေးဘူး...*

ဓားစာခံများရဲ့ကြောက်ရွံ့မှုတွေကြား
ကနေစိတ်ထဲပြိုင်တူဆဲရေးလိုက်ကြတဲ့
စကားစုပါပဲ...
"လူယုတ်မာတွေက သက်ဆိုးပိုရှည်တယ်"
ဆိုတာအမှန်ပါပဲ...

ရိပေါ်လည်း ရှောင်ကျန့်ကိုကျောပေါ်က
ချပြီးသည်နှင့် သူတို့နှစ်ဦးရဲ့လက်တွေဟာ
သံလိုက်ပါ‌ေနသလိုချက်ချင်းချိတ်ဆတ်သွား
ကြပြန်တယ်...
ပြီးတော့ပြောနေကြစကားတစ်ခွန်းကို
ရှောင်ကျန့်နားနားကပ်ပြီးထပ်ပြောပြန်တယ်...

🐉 The beast island 🐉Место, где живут истории. Откройте их для себя