Ep - 11

356 49 10
                                    

Zawgyi

မြူ နှင်းများစိုင်းဝေနေတဲ့
ခိုက်ခိုက်တုန်စေသောမနက်ခင်း...
မည်သူမှအိပ်ရေးဝတဲ့သူမရှိလေပါဘူး...
ကုလားသေ ကုလားမော
အိပ်စက်ခဲ့ရတဲ့ တစ်ယောက်သော
သူကလွဲလို့...

အာခံတွင်းမှအခိုးအငွေ့များထွက်လာ
သည်အထိချမ်းစိမ့်စေတာမို့
ဓားစာခံလူစုမှာအနွေးဓာတ်
ရစေလိုငှါ တစ်ယောက်နဲ့တစ်ယောက်
တိုးဝှေ့ပူးကပ်နေကြတယ်...
အေးတာကြောင့်လည်းပါသလို
ညဘက်ကဘာသံညာသံမှ
မကြားရပဲပျောက်သွားတဲ့
လူတွေကြောင့် ကြောက်စိတ်ဝင်နေ
တာကြောင့်လည်းပါတယ်...
လူ၁၀ယောက်ကျော်လောက်
ဒီလောက်သိသိသာသာသဲလွန်စ
မရှိ လေလိုပျောက်ကွယ်သွားတာကို
လူတိုင်းသတိထားမိပေမဲ့
ကျိုက်မန်ကတော့ပုံမှန်ဖြစ်နေကြကိစ္စ
တစ်ခုလိုပဲသောက်ဂရုမစိုက်လေဘူး...

ဒီနေရာကနေထွက်ခွာဖို့လည်း
စိတ်ကူးမရှိသေးဘူး...
လောင်အာတို့ရောက်လာမှ
မီးတောင်ကြီးရှိရာဘက်
ခရီးဆတ်ဖို့ပြင်ထားတယ်...
ခုတော့ဓားစာခံသုံ့ပန်းများကို
သူစားဖို့သောက်ဖို့တောထဲမှာ
ရှာဖွေခိုင်းပြန်ပြီ...
သဘောင်္ပျက်ဆီမှ လက်နက်တွေ
ပြန်လည်ရရှိခဲ့ပေမဲ့
အစားသောက်တွေကတော့
လေလွင့်ခဲ့ရလေပြီ...
ခုချိန်သဘောင်္ပျက်ဆီပြန်သွားရင်တော့
သဘောင်္ကိုတွေ့ရမဲ့အစား
ထိုနေရာမှာ မီးသွေးပုံကြီးနှင့်
ရေထဲ ပေါလောမျောနေတဲ့
သစ်သားအပိုင်းစတွေကိုသာ
တွေ့ရပေလိမ့်မည်...

၎ ၅ ၆ယောက်တစ်စု ၇ယောက်
၈ယောက်တစ်စုနှင့်
လက်ရှိစခန်းချရာနေရာကနေ
အားလုံးထွက်ခွာလာကြတယ်...
အကွာဝေးတစ်နေရာကနေ
သေနတ်နဲ့အဆင်သင့်လိုက်ပါလာတဲ့
ဓားပြကောင်တွေကလည်းရှိနေပြန်
သည်...
ကိုယ့်အသက်ရှင်သန်ရေးအတွက်
ကျိုက်မန်ခြေသလုံးဖက်ကာ
တောင်းပန်ခယပြီးဓားပြအဖွဲ့ထဲ
ဝင်ရောက်သွားသူများလည်းရှိတာမို့
ဓားပြအဖွဲ့ဟာလူ၁၀ယောက်ကျော်
လောက်ရှိနေပြီ...
လူ၄၀ကျော်လောက်က
စားနပ်ရိက္ခာအရှာထွက်လာကြပြီး
ကျန်သူများကစခန်းချရာနေရာမှာ
တောက်တိုမယ်ရလုပ်ကျန်ခဲ့တယ်...

ရိပေါ်တို့အဖွဲ့ကတော့စားစရာရှာတဲ့
အဖွဲ့ထဲကပေါ့...
အပင်ထူထပ်တဲ့တစ်နေရာရောက်တော့
ရိပေါ် ရှောင်ကျန့်ကိုအပင်ကြီးကြီး
တစ်ပင်နောက်ခေါ်သွားခဲ့တယ်...

🐉 The beast island 🐉Where stories live. Discover now