Ep - 13

444 50 13
                                    

Zawgyi

မြွေခေါင်းကျွန်းစွယ်ပေါ်မှ
တောအုပ်ကြီးထဲတွင်
ကျေးငှက်တိရစ္ဆာန်များရဲ့
အော်မြည်သံများအပြင်
အမည်မသိနိုင်သောအကောင်ပလောင်
များရဲ့အော်ကြွေးမြည်တမ်းသံများကို
လည်းတောတွင်းအနက်ရှိုင်းဆုံးနေရာ
မှ ကျောချမ်းဖွယ်ကြားနေရသည်...
ဒါပေသည့် ထိုကျွန်းပေါ်တွင်ရှိသော
လူတစ်အုပ်မှာတော့
အန္တရာယ်ရှိမှန်းသိသိရဲ့နှင့်
တောအုပ်ကြီးအလယ်တည့်တည့်သို့
သာ ခရီးဆတ်လာကြသည်...

အကျောတင်းလှသောဓားပြတစ်အုပ်
မှာလက်နက်အပြည့်စုံနှင့်
မောပန်းခြင်းမရှိပေမဲ့
နုနယ်သောဓားစာခံလေးများမှာတော့
မောပန်းနုံးချိကာ ခြေယိုင်လဲကျသူများ
လည်းရှိကြသည်...
ပြန်ထပြီး အားတင်းကာဆတ်လျှောက်
သူများလည်းရှိသလို ပေတေနေသူများ
ကတော့သေနတ်ကျည်စာမိကာ
ထာဝရမြေပေါ်လှဲလျောင်းသွားရသည်...

"ရှောင်ကျန့် လျှောက်နိုင်သေးရဲ့လား..."

နေထွက်ပြီဆိုတည်းက'စ'ထွက်လာကြ
တာခုဆို၂နာရီလောက်လျှောက်လာခဲ့
ပြီးသွားပြီ...
ရိပေါ် သူအတွက်အလွန်ဆုံး
ချွေးစို့ရုံကလွဲ၍ဘာမှမဖြစ်သော်လည်း
သူဘေးကသေးသေးကွေးကွေးလေး
ကတော့ဤသို့မဟုတ်...
နားသယ်စပ်နှင့်နှာတံတစ်ရိုးမှာ
ချွေးသီးအစက်ကလေးများ
သီးလို့နေပြီးမောပန်းလွန်းလို့ထင်...
နှာခေါင်းနဲ့တောင်အသက်မရှုနိုင်တော့ပဲ
ပါးစပ်လေးပါအနည်းငယ်ဖွင့်ဟပြီး
ဟောဟဲလိုက်နေလေတယ်...
အားတင်းကာလျှောက်နေမှန်း
သိသာစွာ လက်ချောင်းလေးများနဲ့
ခြေထောက်လေးများကတုန်ယင်လို့
နေသည်...
ဆံစလေးများကလည်းပုံပျက်ကာ
ချွေးနှင့်ရောပြီးစေးကပ်နေလေရဲ့...

ရှောင်ကျန့်ဆိုတဲ့လူသားလေးဟာ
ဘယ်လောက်ပဲပုံပျက်ပန်းပျက်
ဖြစ်နေပါစေ သူ့ရဲ့ချောမောလှပမှုကတော့
တစ်စက်လေးတောင်ယုတ်လျော့သွား
ခြင်းမရှိပါ...
ရှောင်ကျန့်ဆိုသည်နှင့်
'လှပခြင်း , ချောမောခြင်း ,
ချစ်စရာကောင်းခြင်း '
ဆိုသည့်စကားလုံးလေးတွေပါနောက်မှ
ယှဉ်တွဲပါလာတတ်သည်ပေါ့...

အခုဖြစ်ပျက်နေမှုလေးကိုလည်း
ရိပေါ်မှာဘေးမှဆိုးရိမ်စိတ်နဲ့
ကြည့်ရှုနေရင်း ကြည့်ရင်း ကြည့်ရင်း
နှင့်ပင်မျက်ဝန်းများကစိမ်းနက်ရောင်
သမ်းသွားကာ လည်စိသည်လည်း
အကြိမ်ကြိမ်လှုပ်ရှားသွားတော့သည်...
ထပ်တူ ဘောင်းဘီအရှေ့ဘက်ကပါ
တင်းကျပ်လာတာမို့'ကျစ်'ဆိုကာ
ခပ်တိုးတိုးစုတ်သပ်ရင်း
ကိုယ့်ကိုယ်ကိုဆဲရေးမိတော့တယ်...

🐉 The beast island 🐉Where stories live. Discover now