Ep - 5

455 46 11
                                    

Zawgyi

"လုပ်ကြံသူ!..."

'လုပ်ကြံသူ'ဆိုတာနဲ့မူဟန်
ရှောင်ကျန့်အတွက်ဆိုးရိမ်ပူပန်မှုတွေ
က ဆတိုးကာဖြစ်ပေါ်လာရတယ်...
ရှောင်ကျန့်လည်းထိုစကားကြောင့်
လန့်သွားမှန်းကိုတုန်ယင်နေတဲ့
ခန္ဓာကိုယ်လေးနဲ့ ဖြူ ဖျော့သွားတဲ့
မျက်နှာလေးကသက်သေပြလို့နေ
တယ်...

"မဖြစ်နိုင်တာ ရှောင်ကျန့်မှာဘာရန်သူ
မှမရှိပါဘူး..."

"ဟုတ်ပါတယ် ကျွန်တော်ဘယ်သူ့
အပေါ်ကိုမှ ဘာအမှားမှလုပ်မိမထား
ပါဘူး...ဘယ်သူနဲ့မှလည်းရန်ငြိုးရန်စ
မရှိထားပါဘူး...လူတိုင်းနဲ့လည်း
အဆင်ပြေအောင်နေပါတယ်..."

ရှောင်ကျန့်ရဲ့ပြောကြားချက်ကို
ရိုက်ကူးရေးအဖွဲ့သားများက
မဆိုင်းမတွထောက်ခံကြလေသည်...
ရှောင်ကျန့်ကရာထူးကြီးငယ်မရွေး
ယဉ်ကျေးပြူ ငှါစွာဆတ်ဆံပြီး
အပြောအဆို အပြုမူများကလည်း
လူယဉ်ကျေးလေးမှန်းသိသာစေလှ
သည်...

ကျန်းဖုန်းဘယ်လိုဆတ်လိမ်ရမှန်း
မသိဖြစ်နေတုန်း ရိပေါ်ရဲ့မျက်နှာတည်
နှင့်အလိမ်ညာစကားကိုကြားလိုက်ရ
သည်...

"မင်းကအရာအားလုံးပြည့်စုံနေတော့
မနာလိုတဲ့သူရှိမှာပဲလေ...ပန်းသီးကို
အပြင်ပန်းကြည့်ပြီးကောင်းတယ်ထင်ရ
ပေမဲ့ ခွဲကြည့်မှအထဲမှာပုတ်ပွလောက်
တက်နေတာလည်းရှိတတ်တာပဲ...
လူ့စိတ်ဆိုတာလည်းဒီအတိုင်းပဲ...
အပေါ်ယံကြည့်ပြီးမဆုံးဖြတ်သင့်ဘူး..."

ရှောင်ကျန့်တွေးတောနေသလိုလေး
ခေါင်းငုံ့ကျသွားပြီး...

"အာ အဲ့ဒီလိုလား...ကျွန်တော်က
လူတိုင်းနဲ့အဆင်ပြေပြေနေတော့
ကျွန်တော့်ကိုမုန်းမဲ့သူမရှိဘူးပဲထင်နေ
တာ..."

မူဟန်လည်း ကလိမ်သည့်ညမ်းစင်
၂ယောက်ရဲ့စကားကိုယုံကြည်သွားပြီး
ဒေါသတွေလည်းပြေပျောက်ကာ
တစ်ဖန်ဆိုးရိမ်စိတ်က ဒေါသနေရာ
အစားထိုးဝင်ရောက်လာပြန်သည်...

ရိပေါ်ကိုအားနာသလိုကြည့်ရင်း...

"ခု ခုနကကျွန်တော်အော်လိုက်မိတာ
တောင်းပန်ပါတယ်...ရှောင်ကျန့်ကို
ဂရုစိုက်ပေးတာကျေးဇူးတင်ပါတယ်..."

🐉 The beast island 🐉Where stories live. Discover now