Ep - 10

368 46 8
                                    

Zawgyi

သဲသောင်ကမ်းခြေတစ်လျောက်
အသက်ရှင်ကျန်ရစ်ပြီး
သောင်တင်နေတဲ့လူများနှင့်အတူ
အခြားပစ္စည်းပေါင်း
သောင်းခြောက်ထောင်မှာလည်း
နေရာစုံပြန့်ကျဲလျက်...
သူတို့နဲ့မနီးမဝေး ရေထဲက
ကျောက်ဆောင်မြင့်တစ်ခုဘေးမှာတော့
အပန်းဖြေသဘောင်္ကြီးမှာ
တစ်စစီကျေမွနေကာ
မှောက်ခုံအနေထားနဲ့
မီးတောက်များတစ်ဟုန်းဟုန်း
တောက်လောင်လို့နေလေတယ်...

မည်သူမှလည်း မွစာပြန့်ကျဲနေတဲ့
ပစ္စည်းများကိုဂရုမစိုက်နိုင်...
အချင်းချင်းဖေးမကူညီရိုင်းပင်းရင်းသာ
သူတို့စိတ်ထဲမှစိုးရိမ်ပူပန်မှုများကို
ပြေပျောက်စေရန် ဒီဘေးဒုက္ခကြီးမှ
လွှတ်မြှောက်ရန်မျှော်လင့်နေကြတယ်...
ရိပေါ်ရဲ့တစ်ခုတည်းသောစိုးရိမ်ရာလေး
မှာရှောင်ကျန့်တစ်ခုခုဖြစ်မှာစိုးရိမ်
နေသောစိတ်ပေသာ...

"ရှောင်ကျန့် အဲ့အနွေးထည်ချွတ်လိုက်
အအေးပတ်မယ်..."

ညအိပ်ဝတ်စုံပေါ်ထပ်ဝတ်ထားခဲ့
တဲ့ဂွမ်းအနွေးထည်လေးမှာ
ခုတော့မနွေးထွေးနိုင်တော့ပဲ
ရေများရွှဲနစ်ကာ လေးလံစိုထိုင်းစေ
တယ်...
ညအိပ်ဝတ်စုံလည်းစိုရွှဲနေတယ်
ဆိုပေမဲ့ ညအိပ်ဝတ်စုံက
နူးညံ့ပျော့ပျောင်းကာ ပါးလျသော
ပိုးသားချုပ်ထည်မို့မြန်မြန်ခြောက်သွေ့
သွားမှာပဲလေ...
ဒါတောင် သူတို့အလုပ်နဲ့သူတို့
ရှုပ်နေကြတဲ့လူတွေ ရှောင်ကျန့်ရဲ့
ရေစိုဝတ်အောက်က
ရွှေဝါဝင်းအသားရောင်လေးကို
မြင်သွားမှာစိုးရိမ်ကာ
ရှာလကာရည်သောက်( သဝန်တို )
နေမိတဲ့ရိပေါ်ပါ...

"ဒိုင်း!..."

ရိပေါ်တို့ကျန်းဖုန်း မူဟန်နဲ့ပြန်ဆုံကာ
အန်ပင်းပင်းကိုပါပြန်တွေ့ပြီး
လူစုနေချိန်ရင်းနှီးနေတဲ့
ပစ္စတိုသေနတ်သံကိုကြားလိုက်ရ
တယ်...
မကောင်းတဲ့သူတွေကသက်ဆိုး
ပိုရှည်တယ်ဆိုသလိုပဲ
dark pirateအဖွဲ့ဟာ
လူ၂ယောက်လောက်သာ
ဆုံးရှုံးပြီးကျန်တဲ့၆ယောက်မှာ
အကောင်းပကတိရှိနေဆဲပါပဲ...
ပင်လယ် သမုဒ္ဒရာတို့ထဲ
လှည့်လည်သွားလာကာ
လုယက်သတ်ဖြတ်ကြသူများမို့
သူတို့လက်နက်များကို
ရေစိုခံတွေသာသုံးကြတာကြောင့်
ခုလည်းလက်နက်တွေရေဘယ်လောက်
စိုစိုအသုံးပြုလို့ရနေဆဲပါပဲ...

🐉 The beast island 🐉Where stories live. Discover now