အပိုင်း(၇၁)ဇာတ်သိမ်းပိုင်း(၂)

14.9K 561 15
                                    


" အေးပါကွာ...မင်းတို့ကလဲ ....စိတ်မရှိပါနဲ့ ညီလေး ..ကိုယ်က ဒီ BAR ပိုင်ရှင် ကိုမိုက်ခ်ပေါ့ သူတို့ခေါ်သလို...ကိုယ့်ကို သူတို့လိုပဲ ရင်းရင်းနှီးနှီး ဆက်ဆံပါ နော် ညီလေး "

ကိုယ်ကိုရှေ့ထားပြီး ညာဘက်လက်ကမ်းပေးနေသော ကိုမိုက်ခ်ကို ဒီတခါသည်းခံမူ အားကကုန်ပြီ။ ကိုယ့်ကိုမော့ကြည့်ပြီး  လက်ဆွဲနူတ်ဆက်ရန်ပြင်နေသော ဆိုင်သူလက်လေးကို ကြားကနေ တစ်ချက် လှမ်းကိုင်ကာ နူတ်ခမ်းနားတေ့ပြီး တစ်ချက်နမ်းပေးလိုက်သည်။

" ကလေးငယ့် လက်ကအသန့်လေးဗျ..."

" shi*t.."

" ဟားးးးးး....ကိုမိုက်ခ် ခံလိုက်ရပြီ..."

" အင်း...ပြောသားပဲ လေ..ရဲရင့်မမှားဘူး "

ရဲ့ရင့်ဟန်သာ ဦးနှောက်ပျက်သွားသည်ဆိုတဲ့အကြည့်နဲ့ ဂျိုကြည့်နေသည့် က်ိုမိုက်ခ်ကို ခေါင်းရမ်းကာ ပြုံးပြမိသည်။

" မင်းလင်မှ လူထင်နေသလား.....ရဲရင့်"

" ခင်များ စကားမရင့်သင့်ဘူးနော် ...."

" မင်းက တရားလွန်နေတာလေကွာ...."

" ဟားးး"

" ကျုပ်ကလေးကို ညစ်ပတ်တာတွေ မထိတွေ့စေချင်ဘူးဗျ..."

" ငါ....ငါက...ဘာဖြစ်တာ...."

သူကိုညစ်ပတ်တယ်ပြောလို့ ထထိုးချင်စိတ်ပေါက်နေတဲ့ ကိုမိုက်ခ်က လက်ဆစ်တွေချိုးကာ အံ့ကြိတ်ခြင်းဖြင့် မကျေနပ်ကြောင်း ပြသနေပြီ။ လူရင်းတွေမို့ ပြောမနာဆိုမနာ စကားအပြန်အလှန် စစ်ထိုးနေကြသော စားပွဲဝိုင်းလေးဝယ် လျှာထိုးဦးထုပ်ဖြူနဲ့ ကလေးငယ်က မျက်ဝန်းဝိုင်းဝိုင်းလေးက ကိုယ်ကြည့်လိုက် တစ်ဖန် ကို ကိုယ်မိုက်ခ်ပြန်ကြည့်လိုက် အံ့ဩနေဟန်။

အခြေအနေကိုစိတ်မဝင်စားပဲ သောက်စရာတစ်ခုခုကို ကောက်မော့၍ အရသာရှိသော အမြည်းပန်ကန်အချို့က်ို ကောင်းပြည့်ဘက် ထိုး​ပေးနေသော သက်ကို၏ ဆိုင်သူ ဇေယျာ။

"ဒါနဲ့ ရော့ ..မင်းတို့နှစ်ယောက်နဲ့ ကိုမိုက်ခ်အတွက် ..."

ကလေးငယ်လက်လေးကို ခပ်ဖွဖွဆုပ်ကိုင်ကာ ရှက်နေသူလေးအား အနေမခက်ရစေရန် အိတ်ကပ်ထဲ အသင့်ထည့်လာသော ရွှေရောင် vip card လေးကို ထုတ်ပေးမိသည်။ ကလေးငယ်အတွက် ဘာသောက်မလဲ မေးဖို့လည်း မမေ့ခဲ့ ၊ အဖြူထည်လေး အမျိုးသားက အူနုနုလေးမို့ ပြင်းရှရှတွေ မသောက်စေချင်ဘူး။

ချစ်ခြင်းတို့အလွန် Where stories live. Discover now