🌸Part1🌸

26.8K 278 14
                                    

🌸သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🌸

🌸Part1🌸

.......သင်္ကြန်အတတ်နေ့ဝယ်.......

"ဟော..ဟိုမှာ ကိုနေမီးကား ရောက်လာပြီ"

မေထွဋ်ဖြူ၏လက်ချောင်းဖြူဖြသွယ်သွယ် လက်ညိုးလေးဟာ ကော့အောင်ညွှန်ပြနေသည့်ဘက်ကို သူလည်စောင်း၍ ကြည့်လိုက်သည်။

မေထွဋ်သည် နဂိုကသူ့ပေါင်ပေါ်ထိုင်ရာကနေ ‌ဘေးဘက်ခုံသို့ ပြောင်း‌ရွှေ့လိုက်‌သောကြောင့် နည်းနည်းတော့အံ့ဩသွားရ၏။ အခုရောက်လာမှာက သူ့သူငယ်ချင်းတွေဖြစ်နေတာမို့ သူမအနေအထိုင်ဆင်ခြင်ယုံလေးလားပေါ့ဆိုပြီး တွေးမိ၏။

'မင်းယမင်း'သည် သူတို့အတွဲရှေ့က တုံ့ခနဲ့ရပ်သွားသည့် ကားကိုတစ်လှည့် သူ့ချစ်သူမေထွဋ်ဖြူကိုတစ်လှည့် ကြည့်လိုက်ပေမယ့် ဘမှမဆိုတာတော့ဘဲ ကားပေါ်ကနေ သူ့သူငယ်ချင်းဖြစ်သူနေမီးပုံ ဆင်းအလာကိုသာ လှမ်းကြည့်ကာလက်ပြသည်။

အနက်ရောင် အင်္ကျီလက်ရှည်အပေါ်တွင် မှိုတတ်ရောင် ဂျင်းဂျာကင်လေးကိုအပေါ်ကနေထပ်ဝတ်ထားပီး အနက်ရောင်ဂျင်းဘောင်းဘီနဲ့အဖြူရောင် sneakerကိုပါ တွဲဖက်ဝတ်ဆင်ထားသော နေမီးပုံဟာ ကားပေါ်ကနေဆင်းလာသည့်ပုံရိပ်က ခန့်ညားထည်ဝါနေသည်။

အရပ်က‌အတော်ကိုရှည်ပါတယ်ဆိုတဲ့လူက အပေါ်အောက်အနက်နဲ့ဆိုတော့ တော်တော်လေးကို မိမိုက်နေသည်။

အခုလက်ရှိချစ်သူထက် ထိုလူသားကသာ သူမ၏ အလှတရားတို့နှင့် သူနဲ့သူမဟာ လိုက်ဖက်လှသည်မလားဟု မေထွဋ်ထင်နေမိသည်.....

" ငါများနောက်ကျသွားမလားလို့ အမြန်မောင်းလာတာကွာ"

'မင်းယ'က နေမီး၏စကားတို့ကိုပြုံး၍ ဆီးကြိုရင်း သူတို့နှစ်ယောက် ပုံမှန်လုပ်နေကြအတိုင်း ပခုံးတို့ကို ဖက်၍ နှုတ်ဆက်ကာ..

"ငါတို့ပဲ အစောဆုံးရောက်နေတာ နေနိုင်နဲ့အသွင်တို့ သော်တာက လမ်းမှာပဲရှိသေးတယ်"

နေမီးပုံအနောက်ကနေ မိန်းကလေးတစ်ယောက်ပါ ဆင်းလာသဖြင့် 'မင်းယ'က ထိုမိန်းကလေးနှင့်နေမီးကို အံ့ဩစွာ ဘာတွေလဲလို့မေးသည့်အထာနှင့် မေးဆက်ပြ၍မေးလာလျှင်...

🌸သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉(Complete)Место, где живут истории. Откройте их для себя