🌸Part4🌸

6.6K 173 11
                                    

🌸သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🌸

   💌သတို့သား မင်းယမင်း

   💌သတို့သမီး မေချစ်သူကိုကို

  လက်ထဲ၌ ကိုင်ထားသော ထိုဖိတ်စာလေးကို အထပ်ထပ်အခါခါဖတ်မိနေသည်မှာ ဘယ်နှစ်ကြိမ်မြှောက်နေမှန်းမသိ။

သူ့နာမည်ကိုလည်း ကိုယ်မသိကိုယ့်နာမည်ကိုလည်း သူမသိဘဲ ကိုကိုတို့မနေ့က လက်မှတ်ရေးထိုးလိုက်ရတော့မှ စာရွက်ပေါ်မှာ သူ့နာမည်ကိုသိလိုက်ရသည်။ ဖိတ်စာကိုတောင် အခုမှကြည့်မိတော့သည်။

  ကိုကို့ဘက်က ဖိတ်စာတစ်ဆောင်မှတောင် သူငယ်ချင်းတွေကို မဖိတ်လိုက်မိပါ။ အဆိုးဆုံးက သူငယ်ချင်းအရင်းခေါက်ခေါက်ကြီး‌တွေတောင် အခုထိ အသိမပေးရသေးတာပဲ။

  ဖိတ်စာ အပိုတွေကိုပုံးတစ်ခုထဲထည့်ပြီး အခန်းထောင့်တစ်နေရာတွင်ချထားကာ ကုတင်ပေါ်တွင် တင်ထားသည့် သူမ၏ဘဝတစ်လျှောက်တွင် တန်ဖိုးအကြီးဆုံးနှင့်အဖိုးမဖြတ်နိုင်သော ကိုကြီးပေးထားသည့် Polaroidကင်မရာကို ကောက်ကိုင်ကာကြိုးကို လည်တိုင်၌ဆွဲထားလိုက်၏။ ဒီအခန်းလေးကို နောက်ဆုံးအကြိမ် တစ်ချက်ကြည့်ကာ ငါမပိုင်တော့တဲ့ ကိုကြီးကိုယ်တိုင်ပြင်ဆင်ပေးတဲ့အခန်းကို နှုတ်ဆက်ခဲ့ရတော့မည်။

  ဟိုဘက်အိမ်မှာ သူမသွားနေရခြင်းဟာ နောက်ထပ် ကိုကြီးနဲ့ကိုကိုဟာ ဘယ်တော့မှရင်းနှီးမှာ မဟုတ်တော့ဘူးဆိုတာသိလိုက်ရ၍ မျက်ရည်တို့ကပေါက်ခနဲ့ကျလာပြန်သည်။

ဟုတ်တယ်.... ကိုကြီးနဲ့ကိုကိုဟာ ကိုကိုတို့ ငယ်ငယ်ကတည်းကအခုထိ ဘယ်တုန်းကမှ အနေမနီးခဲ့ပါ၊ မောင်နှမအရင်းဖြစ်နေပါလျက်နှင့် ကိုကြီးကမေမေနှင့်ဖေဖေတို့နဲ့အတူနေရပြီး ကိုကိုသည် ဖွားဖွားနှင့်မန္တာလေးမှာသာကြီးပြင်းလာရသည်။ တခါတလေ ကိုကြီး မန္တလေးကိုလာလည်ချိန်ဆို ကိုကို့မှာအပျော်ဆုံးချိန်ပင်ဖြစ်ခဲ့ရသည်။

  အခုတော့ ကိုကြီးက ဖွားဖွားကိုအမျိုးမျိုးနားချပပြီးကာမှ၊ ကိုကို,ကိုရန်ကုန်မှာ ကျောင်းတတ်ဖို့ ခေါ်လာတော့မှ ကျောင်းမတတ်လိုက်ရဘဲ ယောက်ျားရလိုက်လေခြင်းဆိုပြီး ကိုကိုတို့ကို ဆူပူကြိမ်းမောင်းခဲ့သည်......

🌸သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉(Complete)Όπου ζουν οι ιστορίες. Ανακάλυψε τώρα