🌸Part8🌸

6K 157 17
                                    


🌸သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🌸

🌸Part8🌸

" မသွားဘဲနေရုံပေါ့"

  လို့ ပြောလိုက်တာဟာ တကယ်ကိုအဟုတ်ဘဲ။

  သူအလုပ်ကိုသူမသွားဘဲ အိမ်မှာတင် လက်လျားလက်လျားပေတေနေတော့ ကိုကို့မှာနေမထိထိုင်မထိ ဖြစ်လာရသည်။

ဟုတ်တယ်လေ..ခါတိုင်းဆို သူကအလုပ်သွားလိုက် အလုပ်ကပြန်လာ ခနပဲ အိမ်မှာနေ... အပြင်ပြန်ထွက်ရင် မိုးလင်းပေါက်နီးပါး အချိန်ကုန်နေတော့ ကိုကိုနဲ့သူမှ အနေမှမနီးခဲ့တာ... သူရှိတာနဲ့တင် သူမစိတ်တို့က ကျဉ်းကျပ်လာသလိုပင်၊အပြင်လဲ ထွက်ဖို့အကြောင်းရှာဖို့က ဒီနေ့မှ ဘယ်ကိုမှ သွားစရာမရှိသေး။

  သူဖျော်ခိုင်းထားတဲ့ကော်ဖီကို သူရှိတဲ့စာကြည့်အခန်းသူ့အလုပ်ခန်းသို့ ဝင်ပို့ပေးရလျှင် သူဟာ ကိုကိုညကမြင်လိုက်ရသည့် သူ့ရဲ့ပုံရိပ်ဟာနဲ့က တစ်ကယ်ကိုတခြားစီပါ။

သူအလုပ်လုပ်ပုံကိုမမြင်ဖူး၍လားမသိ အခုသူ့စာရိုက်နေသည့် လက်တို့လှုပ်ရှားမှု၊ laptopနှင့်ဖိုင်တို့ကိုသာ တစ်စိုက်မက်မက် ကြည့်ရှူနေပုံတို့ဟာ အရမ်းကိုခန့်ညားလွန်းသည်.....

ဒီလူသားဟာ ဆယ်နှစ်မျိုးဟင်းချိုလို လူသားလား..

ပုံစံအမျိုးမျိုးပြောင်းလို့ရတဲ့ မြေခွေးလိုလူသားလား...

နေ့လယ်မွန်းတည့်ချိန်ကြောင့် အခန်းထဲကျရောက်နေသည့်အလင်းရောင်နှင့် နေရောင်ခြည်နွေးနွေးတို့ကြောင့် သူဟာအိမ်နေရင်းပုံရိပ်နှင့်တင် တကယ်ကို အရှိန်အဝါတစ်မျိုးလို တောက်ပနေသည်။

  မနက်က ကိုကိုထုတ်ပေးထားသည့်အုတ်ကျိုးရောင်တီရှပ်ပွပွကို အသားရောင်အိမ်နေဘောင်းဘီနဲ့တောင် ခမ်းနားနေသည့်ပုံနှင့်သူ။ အိမ်မှာနေတယ်ဆိုပေမယ့် အလုပ်တော့ရှုပ်နေပါသည်......

‌ နက်‌မှောင်ထူထပ်နေသောမျက်ခုံးတို့ကိုကျော်ပြီး ကြည်လင်တောက်ပနေသော မျက်ဝန်းတို့ကို လာထိစပ်နေသောဆံပင်တွေကို နောက်သို့ခဏခဏတပ်နေပုံအရ သူဟာအလုပ်မတွင်ပုံရသည့်ထင် မျက်ခုံးတို့ တွန့်ကုတ်ကျလာလျှင် ကိုကိုသည်တစ်ခုခုလုပ်ပေးချင်စိတ်ဖြစ်လာသည်။

🌸သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉(Complete)Where stories live. Discover now