🐉Part28🐉

5K 111 26
                                    

🐉သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉

နှစ်ပတ်အကြာ......

🎶🎶🎶

" D&NUMB CLUB"

တစ်ခုဆီသို့ ဦးတည်နေသည့်အနက်ရောင်ကားထဲတွင် အတတ်ကြွဆုံးဖြစ်နေတာက မေချစ်သူကိုကိုသာပင်.....

စာမေးပွဲပြီးလျှင် ဘယ်သွားချင်လဲဟုမေးခဲ့မိသဖြင့် ကလပ်သွားချင်တယ်ဆို၍ သူ့မှာအံ့ဩသွားရသေးသည်။ သို့သော် ကိုကို့စိတ်တိုင်းကျခေါ်သွားရန်ခွင့်ပြုပေးလိုက်ကာမှ ကိုကို၏အခြားပုံစံတစ်ဖက်ကို သူကွင်းကွင်းကွက်ကွက်ကြီးမြင်လိုက်ရသည်။

တီရှုပ်ဆိုဒ်အပွတွေသာ အမြဲလိုလိုဝတ်တတ်သူဟုထင်နေခဲ့သည်ဟာ အခုတော့တတ်တတ်စင်အောင်လွဲသွားသည်။ ကိုကိုဆိုသည့် သူ့နဂါးပေါက်လေးက တကယ့်အလန်းစား လေဒီသေးသေးလေးဖြစ်တာပဲ။

လည်ဟိုက်လက်ရှည်cross topအနက်ရောင်လေးသည် ခါးတိုမို့လို့ခါးလေးဖော်ထားပြီး နီညိုရောင်စကပ်တိုတိုကပ်ကပ်လေးကြောင့် သူမသည် ဆွဲဆောင်မှုရှိသည့်မိန်းကလေးတစ်ယောက်ဆိုတာ သူအခုမှသိရသည့်အဖြစ်။

အရင်လို ဟိုမရောက်ဒီမရောက်ဆိုဒ်မဟုတ်တော့ဘဲ တကယ့်မိန်းမလှတစ်ယောက်လိုလှလှပပ လှနေသည်။

ဒါတောင် သူမက နားကွင်းအကြီးကြီးတွေတပ်မလိုလုပ်တော့ သူ့မှာ မနည်းတားလိုက်ရသည်။သူ့မိန်းမလှတာကို သူတစ်ယောက်ပဲမြင်ချင်တာ...

ပြောသေးသည်...ကိုကိုမန္တလေးမှာဆို ဒီလိုနားကပ်တွေဝတ်ပြီး သွားနေကြဆိုလို့ သူ့မှာသွေးတိုးလာချင်တော့သည်။

ဒီလောက်လှသည့်ကောင်မလေးကို ဘယ်သူမှစိတ်မဝင်စားနိုင်ဘူးလို့ ပြောလို့ရတာမှမဟုတ်တာ။ တွေးပြီးရင်ပူရလွန်းလို့ ကိုယ့်ဘာသာ ရေသောက်နေရတာ ခဏခဏ။ ကလပ်တောင်မရောက်သေးဘူး ရေသန့်တစ်ဘူးက ကုန်လုနီးပါး။

"ဝါး..."

အထဲကိုရောက်တော့ ရောင်စုံမီးတွေ ဒီဂျေကလာသည့် beatတွေက မြောက်သည်။

နေမီးတို့အရင်ရောက်နှင့်နေတာမလို့ အသင့်ယူထားသော ဝိုင်းတွင် အရင်ဝင်ထိုင်ဖြစ်ကြသည်။ထိုအခါ နေနိုင်တို့ကပါ ပါးစပ်ဟောင်းလောင်းဖြစ်သွားတာက ကိုကို့ကြောင့်ဆိုတာ သူပြေးကြည့်စရာတောင်မလို။နေမီးနဲ့မိုးခါးကတော့ ကိုကို့ရဲ့အလှ‌တွေကိုမြင်ဖူးပြီးသားမလို့ သိပ်တော့မထူးဆန်းသလိုနှင့် ပုံက။

🌸သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉(Complete)Where stories live. Discover now