🐉Part26🐉

4.9K 120 18
                                    

🐉သူ့လည်တိုင်တွင် ငါ့နှလုံးသားကိုအပ်၍🐉

🐉Part26🐉

"ဘာ"

" ဟိုဘက်အိမ်ပြန်မယ်ဟုတ်လား... ဘာလို့လဲ ကိုကို"

"ပြန်ချင်လို့ဆို"

နာတယ်၊ ဒီရင်ဘက်ထဲကနာကျင်တယ်....

Chillerခန်းထဲ ခဲထားခံရတဲ့ဓါးတစ်ချောင်းက ရင်ဘက်တစ်ခုလုံးကိုမွှန်းပစ်ထားလိုက်သလို နာကျင်ခံစားရသည်။‌

ဒီရင်ဘက်မှာလည်း သူမှသူဖြစ်နေတဲ့ကိုကို့စိတ်ကိုလုံးဝ နားမလည်ချင်‌တော့တဲ့အထိပါပဲ။ ဘာကြောင့် ဒီလူရှုပ်လူပွေကိုပဲရင်ခုန်နေရတာလဲဆိုတာ စဉ်းစားလို့မရဘူး။ ဒီလိုအခြေအနေမှာတောင် သူ့ကိုမမုန်းနိုင်သေးတဲ့ ကိုကို့ရဲ့စိတ်က ရူးနေပြီလားဟု တွေးနေမိ၏။

လက်ထပ်ကာစတုနိးက ကွာရှင်းပေးမယ်ဟု သူ ပြောခဲ့ဖူးသည့် ကွာရှင်းမှုအကြောင်းအရင်းမှန်က ဟိုဒါရာဆိုသည့်ကောင်မလေးအတွက်ဖြစ်နေခဲ့တာပဲဆိုတာမနေ့ညကမှသိလိုက်ရ၏။

  သူ့ဆေးလိပ်ဘူးမှားလို့ နောက်တစ်ခေါက်သွားပြန်ပေးရင်းနဲ့ သူတို့စကားပြောနေတာကို လှေကားထိပ်နားမှာကြားလိုက်ရမှ သိခဲ့ရ၏။

ကိုကိုနဲ့ဒါရာတို့ဆိုသည့်နှစ်ဦးမှာ ဘယ်လိုမှတောင် ယှဉ်လို့တောင်မရသည့် ဒါရာရဲ့အလှတွေ ဒါရာရဲ့ အောင်မြင်ကျော်ကြားမှုနဲ့ မင်းယရဲ့နွေးထွေးကြင်နာမှုတွေရရှိထားသည့် ချစ်သူတစ်ယောက်နဲ့...

မလိုချင်ဘဲ တစ်စက်မှတောင်နှစ်မြို့ခြင်းမရှိသည့်အရိပ်အငွေ့‌တွေသာ သူ့ဆီကရနေသည့်ကိုကို။

အစတည်းကတူမှမတူပဲကို....

"မင်း မိဘတွေကို သတိရလို့လား"

သူ့ဘက်ကစကားတို့သည် ကိုကိုမမျှော်လင့်တဲ့အကြောင်းအရာတွေဆိုပေမဲ့ သူ့စကားတို့ကိုသာ ထောက်ခံသလိုလုပ်လိုက်ရသည်။

"ဟုတ်တယ်... မပြန်ရတာကြာပြီလေ"

"ဒီနေ့တော့မသွားနဲ့အုံး နောက်နေ့လိုက်ပို့ပေးမယ်"

"ဒီနေ့ဘဲ သွားချင်‌နေတယ် မင်းယ"

"ဘာ...ဘယ်လို"

🌸သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉(Complete)Wo Geschichten leben. Entdecke jetzt