🐉Part36🐉

5.9K 112 25
                                    

🐉သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉

🐉Part36🐉

"ဘာရပ်ကြည့်နေတာလဲ"

"ဟွန့်...ချစ်စရာလေးကွာ"

မင်းယ ရပ်ကြည့်နေသည့်အရပ်ဟာ ကိုကိုလေးနဲ့ ဆိုင်ကယ်တစ်စီးနဲ့သူ့သူငယ်ချင်းဟုထင်ရသည့်လူရှိသည့်ဘက်အရပ်ဘက်သို့.....

"မိန်းကလေးတစ်ယောက်စီက ထွက်ပြေးလာတဲ့ ကောင်က မိန်းမတွေ့တာနဲ့ ငမ်းတတ်နေပြန်ပြီ"

" ဟွန့်..... မတူဘူးလေ"

ဟုတ်တော့လည်း ဟုတ်ပါသည်။ ဒါရာဆီကနေ ထွက်ပြေးလာပြီး ဒီအချေလေးကိုမှ ရင်ခုန်နေတာက သူ့ကိုသူဖြင့် နားမလည်နိုင်...

ဒီကောင့်ရင်ထဲကို အချေလေးက တစ်ခဏအတွင်းထိုးဖောက်ဝင်ရောက်လာတာဟာ အတော်လေးကို ထူးဆန်းတယ်....

"ငါ ဒီလိုပထမဆုံးရင်ခုန်ဖူးတာပဲကွာ"

သူ့ဘယ်ဘက်ရင်အုံကိုဖိကိုင်ရင်း ကိုကိုလေးတို့ထွက်သွားသည့်ဘက်ကို ရပ်ကြည့်ကာပြောနေသဖြင့် နေမီးသည် နှာခေါင်းရှုံ့ကာ...

'အဲဒါကြောင့် ကိုကိုလေးကို မင်းတို့နဲ့ မမိတ်ဆက်ပေးချင်တာ'ဟု စိတ်ထဲကကြိတ်ပြောနေသည်။

"လူက ဆိုင်ကယ်ကို ဝင်တိုက်ရတယ်လို့ အခုမှ မြင်ဖူးတော့တယ်.."

ကန်ရေပြင်ဘောင်ကလက်တန်းကို ကိုင်ထားပြီးတစ်ယောက်ထဲပြောနေပြီး ရယ်နေသော နှာဘူးကောင်ကို သူကြည့်လို့မရတော့သည့်အဆုံး......

"ငါ့ကို လာခေါ်တာလား နှာလာကျနေတာလား မင်းယ"

"အချစ်နဲ့ မတော်တဆတွေ့မိတာကိုးကွ....မင်း တိတ်တိတ်လေးနေစမ်းပါ....မင်းကြောင့် ဒီမှာ ခုန်နေတာကိုတောင် မေ့တေ့တေ့ဖြစ်တော့မယ်...."

"အောင်မာ....သူ့ဘာသာ နှာထနေပြီး..."

"ငါလဲရင်ခုန်လွန်းလို့ ဘာတွေသွားပြောလိုက်မိလဲမသိဘူး"

တစ်ယောက်ထဲ ရယ်လိုက်ပြုံးလိုက်နှင့် ယောက်ယက်ခက်နေသောမင်းယကို ခေါင်းခါ၍သာ တတ်နိုင်တော့သည်။ သူ့ညီမကို ဘယ်သူ့ကိုမှ မပေးနိုင်ဘူးဟု ထိုအချိန်ကတစ်ခါတည်းဆုံးဖြတ်ချက်ချခဲ့ဖူးသည်။

🌸သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉(Complete)Where stories live. Discover now