🌸Part10🌸

5.8K 162 14
                                    

🌸သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🌸

  🌸Part10🌸

  ကိုကိုတို့ရန်ဖြစ်သည်နေ့ကစ၍ ကိုကိုနှင့်ကိုယတို့သည် ထူးဆန်းစွာဖြင့် အနည်းငယ်တော့ရင်းနှီးစပြုလာသည်ဟု ထင်မှတ်ရမည်။

  ဟိုတစ်နေ့ကအကြောင်းအရာတို့ကိုလည်း မြေပြန်မလှန်ဖြစ်ကြ။ ဘာလို့ဆို ကိုကိုကကျောင်းသွားသူကအလုပ်သွားနှင့်အချိန်မအားတော့ပေ။ သူက ကိုကို့ကျောင်းသွားချိန်နဲ့ သူ့ကုမ္မဏီသွားချိန်တို့မှာ လမ်းကြုံသည့်နေ့တွေဆို သူကလိုက်ပို့ပေးတတ်ပါသည်။ တစ်‌ယောက်နှင့်တစ်ယောက်စကားသိပ်မ‌ပြောပေမယ့် များသောအားဖြင့်ကိုကိုသည်တက္ကဆီနှင့်သာ အသွားရများခြင်းဖြစ်၍ ကျောင်းကလည်းအိမ်နှင့်အလှမ်းမဝေးလို့သာ တော်တော့သည်။

ဒါ‌ပေမယ့် တခါတရံဒီလိုကြားနေ့မှာတော့ ကိုကို့ကျောင်းပိတ်ရက်နဲ့ သူ့အလုပ်ပိတ်ရက်နှင့်တိုက်နေကာ နှစ်ယောက်သားအိမ်မှာသာ ပျင်းပျင်းရိရိနှင့် အောင်းနေရတတ်၏။

  သွားစရာက လမ်းစကိုရှာလို့မရတာအသာထားအုံး ကို့ယ်ဗိုက်ကလည်း သစ္စာရှိစွာနဲ့တဂွီဂွီနှင့် ထအော်နေပြီ။ ကိုကိုလည်းဘာမှမချက်တတ် အဆိုးဆုံးကတော့ ရေနွေးကိုပင်မနေ့တစ်နေ့ကမှ စကြိုတတ်လေသည်။

  ရင်းနှီးလက်စနှင့် သူနဲ့ဟိုတစ်ခါတုန်းကလို အပြင်ထွက်ပြီး သွားစားရင်သိပ်ကောင်းမှာပဲဟု တွေးကာ သူ့ကိုအဖော်သွား‌စပ်ရန်အတွက် သူအခန်းဘက်သို့ ကူးလာလျှင် သူဟာဖုန်းပြောနေပုံရကာ လက်ထဲမှာတော့ စီးကရက်တို့က အသောက်မပျက်‌နှင့် စောင့်နေရကာ သူ့လက်ထဲက ဖုန်းချလိုက်တော့မှ ကိုကိုသည် လက်နှစ်ဖက်ကိုနောက်သို့ပို့ရင်းမဝဲ့မရဲနှင့်....

"ကိုယ ဗိုက်မဆာဘူးလားဟင်"

  သူ့ဖုန်းထဲက အချိန်ကိုကြည့်လိုက်တော့ နေ့လယ် နှစ်နာနီပင် ခွဲနေပီ။

"ဆာတာပေါ့ ဘာရှိလဲ"

"ဘာမှမရှိဘူး ကိုကိုမှမချက်တတ်တာ"

"ကောင်းရော.. ငါလည်းအပြင်မထွက်ချင်သေးဘူးအောက်ထပ်မှာ ဘာရှိလဲသွားကြည့်ရအောင်"

🌸သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉(Complete)Tahanan ng mga kuwento. Tumuklas ngayon