🐉Part20🐉

5.4K 119 18
                                    

🐉သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉

🐉Part20🐉

🏥

"Camellia Hospital"

ဆေးရုံရဲ့ operationsခန်းထဲကနေ လှည်းဘီးနှင့်ထွက်လာသည့် ဆရာဝန်တွေနဲ့ကိုကြီးကို မြင်လိုက်သည်နှင့် မေမေ၊ဖေဖေရယ် ကိုကိုရယ် အပြေးလေးအနားကို ရောက်လာကြသည်။

"လူနာရှင်"

"ကျွန်တော်ပါ ခင်ဗျ"

"လူနာခေါင်းကို အကောင်းဆုံးချုပ်ပေးပြီးပါပြီး ၊ မေ့ဆေးအရှိန်ကြောင့် သူပြန်သတိရဖို့ နည်းနည်းကြာမယ် လူနာရှင်"

"ကျေးဇူးတင်ပါတယ်ရှင်"

"ကျေးဇူးတင်ပါတယ်ဒေါက်တာဗျ"
ရင်ဘက်ကိုဖိပြီး မျက်ရည်ကျနေသော မေမေကိုကြည့်ပြီး ကိုကိုစိတ်မကောင်းဖြစ်ပြီး မျက်ရည်ပါ ပေါက်ခနဲ့ကျလာရသည်။ဖေဖေကတော့ မေမေ့ကိုအားပေးနှစ်သိမ့်နေကာ ကိုကိုသည် ကိုကြီးကို ခေါ်သွားသည့် အခန်းထဲသို့ဝင်လာခဲ့လျှင် ဆေးပိုက်တန်းလန်းနှင့်ကိုကြီးကိုမြင်တော့ အသံထွက်၍ငိုနေမိသည်။

သူဘာလို့ ကိုကြီးအပေါ်ကိုသို့ ထိုသို့လုပ်ရပ်လဲဆိုတာ လုံးဝစဉ်းစားလို့မရ။ပြောတော့သူငယ်ချင်းအရင်းခေါက်ခေါက်တွေဆို...

"ကိုနေမီး ဘာမှမဖြစ်တော့ဘူး၊သူသတိရလာမှာပါ"

"အင်း...အင်းပါ ကိုကြီး သတိရလာမှာပါနော်"

မိုးခါးက ကိုကို့ပုခုံးပေါ်လက်တင်ကာ ခေါင်းညှိမ့်လိုက်သည်။

ဦးကောင်းသန့်ကိုကိုနှင့်ဒေါ်ရတနာပုံတို့သည် သားနေမီးရှိသည့် အခန်းထဲဝင်လာပြီး ရှိုက်ငိုနေသောသမီးကိုတွေ့လျှင် သမီးအနားသို့သွားကာ...

"ကိုကိုလေး...သမီးကိုကြီးပြန်နိုးလာမှာ ဟုတ်ပြီးလား ......တညလုံးမအိပ်ထားရတာ ပင်ပန်းရောပေါ့ သမီး ခနလောက်သွားအိပ်လိုက်တော့... သွား ..မေမေစောင့်ကျန်နေခဲ့မယ် ဖေကြီး သမီးကို ပြန်ပို့လိုက်အုံး သားကိုလဲအန်တီကျေးဇူးတင်တယ်ကွယ်"

"ဟုတ်ကဲ့ဗျ"

"ရပါတယ်မေမေ ကိုကိုဒီမှာပဲအိပ်လိုက်မယ်၊ မေမေပဲ အိမ်ပြန်အိပ်လိုက်ပါလား မေမေရယ်၊ကိုကိုတစ်ယောက်ထဲစောင့်ကျန်ခဲ့လို့ရပါတယ်"

🌸သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉(Complete)Where stories live. Discover now