🐉Part25🐉

4.9K 121 13
                                    

🐉သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉

🐉Part25🐉

"လာပါ မကြောက်နဲ့ကိုရှိတယ် ရဲရဲသာဆင်းချလာခဲ့"

"ခဏလေး..."

"မကြောက်နဲ့ဆို"

"ရေတိမ်တဲ့‌နေရာ‌လေးမှာပဲဆော့မယ်"

"အဲဒါနဲ့ပဲ မင်းရဲ့ကြောက်စိတ်က ဒီတစ်သတ်ပျောက်အုံးမယ်"

"ကြောက်စိတ်မဟုတ်ပါဘူးဆို နေသားမကျတာပါ"

"အေးပါ နေမီးအစ်မရယ်"

"ကြည့် ...လူကို"

"ဟက်..လာခဲ့ပါ ကို့ကိုယုံလိုက်စမ်းပါ အမိရာ"

‌‌ ခြေဖျား‌လေးကို ရေနဲ့မထိသထိလုပ်ပြီးရေထဲဆင်းလိုက် သဲပေါ်ပြန်တတ်လိုက်နဲ့လုပ်နေသော ကိုကို၊ ကို သူရေထဲသို့အတင်းဆွဲခေါ်ချလာ၏။

"ဟိုမှာ တွေ့လား ...ကလေးတွေတောင်မကြောက်တာ ရဲရဲသာလာ"

"အမေ့"

သူ သူမကို ခါးကနေကိုင်ပြီးရေထဲနှစ်ချလိုက်တော့ နစ်သွားသည်အထင်နှင့်ထိတ်လန့်သွားကာ သူ့ကိုမ‌တော်တဆဖက်လိုက်မိ၏။

"ဟီး..."

"ကိုကို မျက်လုံးဖွင့်...ကို့ ကိုဖွင့်ကြည့်စမ်း"

"ဟင်....အင်"

"အိုကေ...တော်တယ်"

ဘောကွင်းလေးနှင့်ကူးခက်လိုက်တော့ ဆင်းလာစတုန်းကကြောက်စိတ်တို့ ပျောက်သွားရ၏။

နေမီးတို့က အနည်းငယ်နက်သောနေရာအထိကိုကူးခက်သွားသည်ကိုမြင်လိုက်သဖြင့် သူသည်လည်းကူးချင်နေတဲ့စိတ်ရှိပေမဲ့ ဒီနဂါးပေါက်လေးနဲ့ခါးလောက်ထိရှိသော ရေတိမ်တိမ်လေးမှာသာနှစ်ပါးသွားကူးနေရသည်။

သူ့ရှေ့မှာတင် နဂါးပေါက်အတုလေးရေဆော့နေပုံက ချစ်စရာလေးရယ်။ အသဲယားလာတော့ ရေနှင့်ပတ်လိုက်၏။

"ရော့...ရေကြောက်အုံး"

"အား.....မျက်နှာကို မပတ်နဲ့လေ"

"ပတ်မှာပဲ"

"ဟား...ဟား.."

"တွေ့မယ်..လာပြီး အာ့မှာ ရော့.."

🌸သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉(Complete)Where stories live. Discover now