🐉Part18🐉

4.9K 121 24
                                    

🐉သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉

🐉Part18🐉

ညနေတုန်းက လုပ်ချင်ရာလုပ်ချသွားပြီး ပတ်ပြေးလာခဲ့သည်က ကိုကိုပင်။အစက သူ့ကို ချစ်တဲ့အကြောင်းတွေ ပြောချင်ခဲ့တာမဟုတ်ပဲ ကောင်မလေးတစ်ယောက်နဲ့တွေ့လိုက်တာကို သူ့ကိုစိတ်ကောက်ပြစ်လိုက်ချင်ပေမယ့် သဝန်တိုချင်ပေမယ့် ၊သူမမှာအဲလို ကောက်ခွင့်မရှိ၊သဝန်တိုခွင့် စိတ်မရှိတာရော ရောပေါင်းကာ လူကဖွင့်ပြောပြီးမှပဲ သဝန်ချင်သည့်စိတ်တို့က ဘယ်ရောက်လို့ဘယ်ကောက်ရမှန်း မသိလိုက်။

သူ့ကိုတဖန်ပြန်ကြောက်နေသည့်စိတ်တို့ကပဲ တထိတ်ထိတ်နဲ့ ထင်ကျန်နေဆဲ...၊ ကိုယ့်စိတ်ကမပြောချင်သေးပေမယ့် သူက ကောင်မလေးချောချောလှလှလေးတစ်ယောက်နဲ့‌တွဲတာကို မျက်လုံးကမြင်လိုက်တော့ ကိုးလို့ကန့်လန့်လဲဖြစ် ဝမ်းလဲနည်းလာသည်။

ကိုကို့အပေါ်ကို အသေရက်စက်သည့် မြေခွေး... ၊.သူသာ ကိုကို့အပေါ်မှာအနေတည်‌ပြတာ၊ဟိုတစ်ယောက်နဲ့ကျတော့ ပြုံးဖြီးနေတာပဲ ....ဘီလူးတကောင်က ရယ်ပြ ပြုံးပြ ဖြဲပြနေတဲ့အတိုင်းပဲ။

မိုးချုပ်နေပြီကို ခုထိ သူ့ချစ်သူနဲ့လည်လို့မဝသေးဘူးထင်ပါရဲ့ ခုထိတောင် အိမ်ပြန်မရောက်သေးဘဲ ဘယ်ကိုများ သဝေထိုးနေကြလဲ...

ပျော်နေမှာပေါ့...

အိမ်ရှေ့ဝရံတာကနေ မျှော်နေရတာ လည်ပင်းက သစ်ကုလားအုတ်ပင်ဖြစ်တော့မည်။ကိုယ်တော်က အခုထိ မကြွလာသေး။ကိုကိုဖွင့်ပြောလိုက်လို့ သူစိတ်ဆိုးသွားများလား?။

ထိုစဉ်....

ဝရံတာကနေမျှော်နေရတာစိတ်မရှည်နိုင်တော့ပဲ ခြံဝကနေထွက်ပြီး သူ့ကိုရပ်စောင့်နေစဉ် ကိုယရဲ့ကား‌ လေးသည် ကိုကို့ရှေ့တွင် ရပ်သွားလျှင် ၊သူသည် ကားအနက်လေးထဲ‌ကနေ ခေါင်းလေးထွက်လာပြီး....

"ဟေ...မင်းအဲ့မှာ ပိတ်ရပ်နေရင် ငါဘယ်လိုဝင်မလဲ"

"ဟင်.....ဪ...ဟုတ်ကဲ့"

သူ့ကို တွေ့ချင်လွန်းလို့ လာစောင့်နေပါတယ်ဆို ကိုကိုက သူ့ကားကို ပိတ်ရပ်နေသလိုဖြစ်သွားတာကိုး....

🌸သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉(Complete)Where stories live. Discover now