🌸Part5🌸

6.6K 160 13
                                    

🌸သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🌸

"ကိုကို"

"ဟိတ်..ကိုကို "

  သူခေါ်လိုက်ရင် ဘယ်တော့မှတစ်ခေါက်ထဲနဲ့မထူးတတ်သည့် နေမီးနှင့်ကိုကိုဟာ ဒီနေရာမှာတော့ အတော်လေးကို တူသည့်‌မောင်နှမ။

  သူခေါ်သာကိုပဲ မသိချင်ယောင်ဆောင်နေလား တကယ်ကို ကာလနဂါးဖြစ်နေလို့ မနိုးလားတော့မသိပေ၊ သူအလုပ်မသွားခင်မှာတော့ သူမကို မှာစရာရှိတာ ‌မှာရအုံးမှာမို့လို့ အခုလိုအတင်းနှိုးရတာ....

  ဒါလောက်လေးကိုပဲ သူမဟာမထချင်ထချင်နှင့် မျက်လုံးမှိတ်ထားရင်းနှင့်ထလာပြီး ပွယောင်းထနေသည့်ဆံနွယ်ကောက်ကောက်လေးကို သပ်ချရင်းသူ့ကို ပြန်ထူးပုံကပဲ ကြည့်လိုက်...

"ပြော"

"ဒီညနေ မြလေးတို့ဆီ သွားလည်ရမယ် မင်းကိုတွေ့ချင်နေကြတယ် ငါ အလုပ်ကနေတန်းသွားလိုက်မှာဆိုတော့ မင်းကမင်းအစီအစဉ်နဲ့သွားလိုက်"

"ဒါပဲလား"

"ဒါပဲလား မဟုတ်ဘူး... ထမင်းစားပွဲခုံပေါ်က ဘူးတွေပါယူသွား မြလေးချက်ထားပေးတဲ့ဟင်းတွေ ထည့်လာခဲ့ရမယ်"

သူထိုသို့ပြောလျှင် ကိုကိုဟာဟင်းကောင်းကောင်းမချက်တတ်တာကို သတိရသွားသည်။ အဲဒါ ဖွားဖွရဲ့ အလိုလိုက်မှုတွေကြောင့်ပဲ..

   အခုဒီမှာနေရတော့ ဗိုက်ဆာရင်လည်း ဘာမှမလုပ်တတ်တော့ မဆာငတ်ခံရသည့်အခေါက်က မနည်းတော့ပေ။

"နေအုံး....ငါ့အလုပ်သွားမလို့ အင်္ကျီထုတ်ထား"

  ဟု သူပြောရင်းရေချိုးခန်းဆီသို့ဝင်သွားလျှင် ကိုကို့မှာ ထိုနောက်ကျော ကျောပြင်ကျယ်ကြီးကိုကြည့်ပြီး နှုတ်ခမ်းလှလှလေးကို မဲ့ပစ်ရင်း မျက်စောင်းထိုးပစ်လိုက်သည်။

  တကယ်ဆို ကိုကိုဟာ သူဒီအခန်းကို ဝင်လာကတည်းက နိုးနေပြီးသားပဲ.......

  သူနဲ့ တစ်ခန်းထဲမဟုတ်ပေမယ့် တစ်အိမ်ထဲမှာတစ်ထပ်တည်းမှာ နေနေရသည့်အသိက လူကို တစ်ရေးမှတောင် အိပ်မပျော်စေနိုင်ပါ။ သူက ဟိုဘက်အခန်း သူ့အနားယူတာ အလုပ်လုပ်သည့်အခန်းဘက်မှာနေကာ သူ့ကုတင်ဘက်ကိုကျတော့ သူမကိုပေးထားပြီး ရေချိုးခန်းသုံးတာအင်္ကျီဘီဒိုကအစ ဒီဘက်မှာမို့ သူဘာပဲလုပ်လုပ် ကိုကို့မှာမမြင်ချင်လည်းမြင်နေသည့်အဆုံး.......

🌸သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉(Complete)Where stories live. Discover now