🐉Part30🐉

5.3K 96 3
                                    

🐉Part30🐉

🐉သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉

" ညဈေးပွဲတော်"

သီတင်းကျွတ်၊ တန်ဆောင်တိုင် ရာသီကာလမလို့ ပွဲတော်တို့က တစ်ခုပြီးတစ်ခုနှင့်ဆက်ကာ စည်သည်။

ကားကို လူရှင်းသည့်နေရာတွင်ရပ်ထားပြီး မင်းယသည် ကိုကိုနှင့် လမ်းမထက်ကဈေးပွဲတော်တစ်လျှောက်တွင်လက်တွဲကာ လျှောက်နေကြခြင်းဖြစ်သည်။

"Ring... Ring.. Ring..."

ရင်ဘက်မှစလွယ်သိုင်းအိတ်ကပ်ထဲက ဖုန်းမြည်လာသဖြင့် သူကြည့်လိုက်လျှင် နေမီးပုံဖြစ်နေသည်။
ကိုကို,ကိုတစ်ချက်ကြည့်၍ ခဏဟုဆိုကာ သူသည် သူမလက်ကိုဆုတ်ကိုင်ရင်း လူရှင်းသည့်အပြင်ဘက်ကိုရှောင်ထွက်လာရင်းနဲ့...

" ပြော"

"...."

"ငါတို့ ဈေးပွဲထဲမှာကွ၊ ငါမလာတော့ဘူး"

"လာချင် လာလေ...ငါစောင့်နေမယ်"

" ဒါဆိုမင်းတို့အဲ့မှာပဲစောင့်နေ ငါလာခဲ့မယ်... အသွင်တို့နေနိုင်တို့လဲ အဲ့မှာရှိနေတယ်တဲ့"

"ပြီးရော့ "

သူဖုန်းချပြီး ကိုကို့ဘက်ကိုလှည့်ကာ..

"နေနိုင်တို့ ဒီဘက်ရောက်နေတယ်တဲ့ ကိုတို့ဒီနားလေးကဆိုင်မှာ သူတို့ကိုစောင့်နေကြမလား နေမီးလဲ လာနေပြီတဲ့"

"အွမ်...စောင့်မယ်လေ...ဒါပေမယ့် ကိုကို ဗိုက်ဆာနေတယ် တစ်ခုခုစားလို့ရတဲ့ဆိုင်မှာပဲစောင့်ရအောင်နော် ကိုယ"

"အိုကေ.."

လင်မယားနှစ်ယောက် ဈေးတန်းထဲကဆိုင်တွေထဲမှာ ဝင်မထိုင်ဖြစ်တော့ဘဲ အနီးအနားကကော်ဖီဆိုင်တစ်ဆိုင်ကိုဝင်လိုက်ကြသည်။  ကိုကို့အတွက်ညဘက်အစာပြေစာရန်အတွက် သူမကြိုက်တတ်သည့် ချောကလက် Brownies3ခုနှင့် ညဘက်မလို့ ကော်ဖီမသောက်စေချင်တော့ဘဲ သူနှင့်အတူOrange Juice 2ခွက်မှာလိုက်ပြီး နေနိုင်တို့ဆီကို ဖုန်းပြန်ဆက်ကာ သူတို့ရောက်နေသည့်နေရာကို ညွှန်ရသေးသည်။

ခဏလောက်ပဲကြာကာ ကိုနေနိုင်နှင့်သူ့ကောင်မလေး၊  ကိုအသွင်ကိုသော်တာတို့ပါ ထပ်ရောက်ချလာတော့ ကိုကိုတို့ထိုင်နေသည့်ဝိုင်းကနေ လူအများစုထိုင်လို့ရသည့်ခုံဘက်ကို ပြောင်းရွေ့ရတော့သည်။

🌸သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉(Complete)Where stories live. Discover now