Ep 4

411 34 5
                                    

perth ၏ကားဟာကျောင်းကားပါကင်တွင်နေရာချပြီးသည်နှင့် chimon တစ်ယောက် ကားပေါ်ကဆင်းလာလေသည်။

chimon ထိုနေရာကထွက်ဖို့လုပ်တော့ သူ့နောက်မှလိုက်ဆင်းလာသည့် perth ဟာ သူ့အားပြန်ဆွဲထားလေ၏။

"ဘာလဲ!"

"ခနနေပါအုံး..မင်းကလဲ ငါ့ကိုအဲ့လောက်တောင်မတွေ့ချင်တာလား"

"ဟုတ်တယ်!"

chimon သာ သူလက်မှရုန်းထွက်လိုက်ပြီး ပြန်ဖြေလိုက်လေတော့ perth ကကျေနပ်သည့်အပြုံးကြီးဖြင့်ပြုံးပြလေသည်။

"ရော့..ဒါယူထား"

perth ဟာ chimon အားပီကေထုတ်လေးတစ်ထုတ်ကမ်းပေးလိုက်တော့ chimon ဟာ ခနတာတော့ ထိုပီကေအားကြည့်နေ သေးသည်။

"အဆိပ်မပါဘူး! ယူလိုက်"

chimon လဲကမ်းလာပေးတဲ့ ပီကေအားဆွဲယူလိုက်ပြီး ထိုနေရာမှထွက်လာခဲ့လိုက်သည်။

မဟုတ်လျှင်နောက်နေ့မနတ် ကျောင်း page မှာ ငါတို့နှစ်ယောက်ပုံတွေပြည့်နေလိုက်မည်မဟုတ်လား။

တကျောင်းလုံးက သူတို့အဖွဲ့ရဲ့လှုပ်ရှားမှုတွေကို လိုက်စောင့်ကြည့်နေကြတာ။ အဲ့လိုမျိုးနှခမ်းနီမလေးတွေရဲ့ပါးစပ်ဖျားမှာတော့ ငါ့နမည်ကိုမတင်စေချငိဘူး။

.
.
.
.

ကျန်တော်အခန်းထဲရောက်ရောက်ခြင်း ကိုယ်နေရာကိုယ်ဝင်ထိုင်လိုက်ကာ ဖတ်စ်နှင့် ဘလ်ကတော့ စကားကောင်းနေလေရဲ့။

"အယ်...mon ဒီနေ့ရုပ်ရှင်သွားကြည့်မလို့လိုက်မလား"

"အမ်..အာ..မလိုက်တော့ပါဘူး ငါဒီနေ့အလုပ်ရှိသေးလို့"

"အာ..mon ရာ လိုက်ခဲ့ပါ။ ဘလ်ကလက်မှတ်ဖိုးစိုက်ပေးမှာပါ"

"ဟုတ်တယ် mon..ငါတို့ခင်မင်မှုအနေနဲ့ လိုက်ခဲ့ပါဗျာ"

"အာ...."

chimon အန​ည်းငယ်တော့တွေဝေ ဖတ်စ်နှင့်ဘလ်တို့၏ တောင်းဆိုမှုကြောင့် နောက်ဆုံးတော့လက်ခံလိုက်ရလေသည်။

"ဒါဆို ငါတို့ ဘာကားကြည့်ကြမလဲ"

"သရဲကားရော.."

ဖတ်စ်ကထပြောလိုက်တာကြောင့် ဘလ်နှင့် chimon မှာဖတ်စ်အားမယုံသင်္ဂါနှင့်ကြည့်လာလေသည်။

The end of the love story (uni/zaw) (perthchimon)Where stories live. Discover now