Ep 18

356 23 2
                                    

"မငိုနဲ့တော့လို့ ဖတ်စ်"

"အီးးးဟီးးးး အဟင့် ငါ....ငါကလေ....အီးဟီးးးး"

ထိုနေ့မနတ် ဖတ်စ်အားကျောင်းမှာမတွေ့၍ ဖုန်းဆက်ကြည့်တော့ ငိုယိုကာသူ့အိမ်ကိုလာဖို့ပြောလာသည့်ဖတ်စ်ကြောင့် ဘလ်လဲ ကျောင်းကနေအပြေး ဖတ်စ်စီလာခဲ့ရ၏။

သူ့နေတဲ့အဆောင်ကိုရောက်တော့ အခန်းကုတင်ပေါ်မှာငိုယိုနေသည့် ဖတ်စိအားတွေ့လိုက်ရပြီး သူအရမ်းကြိုက်ပါတယ်ဆိုသည့် ဂိမ်းစက်က်ုတောင် ဖျက်စီးထားလေသည်။

အမြဲပျော်ပျော်ရွှင်ရွှင်နှင့်စနောက်တတ်သည့်ထိုလလိုကောင်လေးကို အခုလိုအခန်းအောင်းပြီး စိတ်ဓာတ်ကျရလောက်တဲ့အထိလုပ်သည့်ကောင်အား ဘလ်တကယ်ကိုစိတ်တိုပါ၏။

"တော်ပါတော့ ဖတ်စ်ရယ်..အဲ့ကောင်အတွက်နဲ့ငိုမနေစမ်းပါနဲ့! မတန်ဘူး!"

"အဟင့်..ငါသူ့ကိုအရမ်းကြိုက်တာ မင်းလည်းသိတယ်လေ! အခုလိုရုတ်တရပ်ကြီး အကြောင်းအရင်းမရှိ ပိတ်ချလိုက်တော့ ငါကယီးသွားလုပ်ရမှာယားးး"

"ဟမ်..ဘာကိုပိတ်ချတာလဲ"

"ဂိမ်း ကုမ္ပဏီကိုလေ!! ငါအရမ်းကြိုက်တဲ့ဂိမ်း ကုမ္ပဏီကပိတ်ချလိုက်တော့ ဂိမ်းတွေလည်းဆော့လို့မရတော့ဘူး!! အီးးဟီးးးး"

"ဒါဆိုမင်းအခုငိူနေတာက အဲ့ဂိမ်းကြောင့်ပေါ့"

"အမ်းပေါ့!! တခြားဘာရှိလို့လဲ"

"ငါကမသိပါဘူး..မင်းကိုဆတ်စ်ကပစ်သွားလို့ငိုနေတာလားလို့"

"သေလိုက်ပါလားလို့!! အီးဟီးးး!"

^ တီ တီ တီ...^

ထိုအချိန် ဖတ်စ်စီဖုန်းဝင်လာတာကြောင့်ဖတ်စ်လဲငိုနေရင်းပဲကိုင်လိုက်၏။

"ဘာလဲ chimon! မင်းအကြာကြီးပျောက်သွားပြီး အခုမှဘာလို့ဆက်တာလဲ!!"

^ အိုက်ဖတ်စ်..မင်းအခု ဘန်ကောက်ဆေးရုံက်ုလာခဲ့ပါလား ^

"ဟမ်..ဘာဖြစ်လို့လဲ မင်းနေမကောင်းလို့လား"

^ မဟုတ်ဘူး..ငါ့အကိုဆေးရုံတင်ထားရလို့ ^

"အေးအေး..ငါအခုလာခဲ့မယ်"

The end of the love story (uni/zaw) (perthchimon)Where stories live. Discover now