Ep - 7

399 36 2
                                    

~ Give me a sign Take my Hand. We'll ba fine ...... ~

ဖတ်စ်တစ်ယောက်သူ့အိတ်ကပ်ထဲက မြည်နေသည့်ဖုန်းကိုထုတ်ပြီးကြည့်လိုက်တော့ ​
^ ခွေးကောင် ^ ဟုမှတ်ထားသည့်ဖုန်းနံဘက်ပင်။

" ဟယ်လို "

// ဘာလို့ဖုန်းကိုင်တာအဲ့လောက်ကြာနေတာလဲ

" ပြောစရာရှိတာမြန်မြန်ပြော "

// ကိုယ်အခု Bar ရောက်နေတာ။ ကိုယ့်ကို အဲ့အပြင်က ထမင်းလိပ်လေးဝယ်လာပြီးလာပို့ပေးပါလား

" မင်းလက်ပြတ်နေလား "

// ဟေး..ဟေးးး ကိုယ်က မင်းတို့ကလပ်ကိုကယ်တင်နိုင်မဲ့ တစ်ဦးတည်းသောသူနော်။ စကားကိုကြည့်ပြော

" ............ "

// နောက် နာရီဝက်အတွင်လိုချင်တယ်။ မြန်မြန်လာခဲ့

ပြောပြီးဖုန်းချသွားသော ဆတ်စ်ကြောင့် ဖတ်စ်တစ်ယောက် သက်ပြင်းသာချလိုက်ပြီး အနည်းနားကဆိုင်မှာသာ ထမင်းလိပ်ဝင်ဝယ်ကာ သူပို့ထားသည့် လိပ်စာအတိုင်းသွားလိုက်သည်။

"ရှေ့ ဒီမှာအကိုဆတ်စ်မှာထားတာ!"

"ဖုန်းထဲမှာတော့လေသံတမျိုး အပြင်မှာတော့လေသံတမျိုးပါလား"

အင်း..ဖုန်းထဲမှာကမင်းလာထိုးလို့မှမရတာ။

ဖတ်စ်တစ်ယောက်စိတ်ထဲကပဲ တိတ်တဆိတ်ပြန်ပြောလိုက်ပြီးအပြင်မှာတော့တခွန်းမှမဟပေ။

"ခနထိုင်အုံး.."

ဆတ်စ်ဟာ သူ့သူငယ်ချင်းတွေခြားထဲ ကျန်တော့်ကိုဆွဲခေါ်သွားကာ သူ့အနားမှာထိုင်စေပြီး ကျန်တော့်ပုခုံးကနေဆွဲဖတ်ကာ သူ့အနားသို့တိုးထားခိုင်းလေသည်။

"ရော့..သောက်"

"ကျန်တော်မသောက်တတ်ဘူး အကိုဆတ်စ်"

"မရဘူး...သောက်!"

အတင်းထိုးပေးနေတာကြောင့် ဖတ်စ်လဲမသက်သာသည့်အဆုံး ခွက်အားယူကာတစ်ချိုက်ထဲသောက်လိုက်လေသည်။

"ချီး...ခါးလိုက်တာ ခွေးကောင် ဆတ်စ်"

ဖတ်စ်တစ်ယောက်ခပ်တိုးတိုးကျိန်ဆဲလိုက်မိပေမဲ့ ဆတ်စ်ကတော့ကြားဖြသ်အောင်ကြားသွားသည်ထင်၏။

The end of the love story (uni/zaw) (perthchimon)Where stories live. Discover now