20

382 21 5
                                    

perth တစ်ယောက်ပြန်နိုးလာတော့ဆေးရုံးတစ်ခုရဲ့Vip အခန်းက ကုတင်ပေါ်ရောက်နေချေပြီ။

ကိုယ့်လက်ကိုယ်ပြန်ကြည့်မိတော့ လက်ကောက်ဝတ်နေရာမှာပတ်တီးစီးပေးထားသလိုသွေးလည်းသွင်းနေရတာမြင်တော့
ကျေနပ်စွာပြုံးမိလိုက်၏။

သူလိုချင်တာဒါမျိုးလေ..သူ့ကိုယ်ထဲကသူ့ဖခင်ရဲ့သွေးတွေကိုဖောက်ထုတ်ခဲ့ပြီး သူစမ်းတစ်ယောက်ရဲ့သွေးတွေကိုသာအစားလိုချင်ခဲ့တာ။

ထိုစဥ်အခန်းတံခါးပွင့်လာတာကြောင့် မမြင်ချင်တဲ့သူအားမမြင်ရဖို့ perth အိပ်ချင်ယောင်ဆောင်နေလိုက်သည်။

သေချာတာကတော့အခန်းထဲဝင်လာသည်မှာ လူတစ်ယောက်ထပ်မကပင်။

သူနာပြုတစ်ယောက်ကသူ့ရဲ့သွေးထုတ်ကိုစစ်ပေးနေတာကိုအာရုံခံမိနေပေမဲ့အိပ်ချင်ယောင်သာဆောင်လိုက်၏။

"လူနာက ပင်ပန်းလို့အနားယူနေတာနေမှာပါ။ စိုးရိမ်စရာတော့မရှိတော့ပါဘူးရှင့်"

"ဟုတ်..ကျေးဇူးတင်ပါတယ် အစ်မ"

ဟမ်..ဒီအသံက!

"mon!"

လှဲနေရာကငေါက်ခနဲထ ထိုင်ကာအသံလာရာကိုကြည့်လိုက်တော့သူ့အားပြူးကြောင်ကြောင်လေးကြည့်နေတဲ့ chimonပင်။

ဒါအိမ်မတ်မဟုတ်ပါဘူးနော်..။အိမ်မတ်ဆိုရင်လက်ကောက်ဝတ်ကဘာလို့အဲ့လောက်နာနေမှာလဲ

"နိုးနေတာလား perth"

"mon..."

ကျန်တော်ဘာမှပြန်မပြောနိုင်ပဲ chimon ကိုသာပြေးဖတ်ရန်ကုတင်ပေါ်ကဆင်းဖို့လုပ်တော့ chimon ကအပြေးလေးလာတား၏။

"ဘာလုပ်တာလဲ..မင်းသွေးသွင်းနေတယ်မမြင်ဘူးလား"

"အဟင့်..ကိုယ့်ရဲ့ monလုံးလေး"

ပြောရင်း mon ရဲ့ပါးနှစ်ဖက်ကိုသူ့လက်နှစ်ဖက်နဲ့အုပ်ကိုင်လိုက်တော့ဆူတတ်လာတဲ့နှခမ်းလေးကဆွဲနမ်းချင်စရာအတိ။

"လွှတ်..လွှတ်တော့ perth! သတိရလာတာနဲ့ ပြသာနာကစရှာပြီ။ မင်းသတိလစ်နေတာပဲကောင်းတယ်"

ထုံးစံအတိုင်းပွစိပွစိပြောနေပြန်တဲ့ ကိုယ့်ရဲ့ mon လုံးလေးအားရင်ခွင်ထဲထည့်ကာပွေ့ဖတ်ထားလိုက်မိ၏။

The end of the love story (uni/zaw) (perthchimon)Where stories live. Discover now