"ခွေးကောင်..ဖယ်ငါ့အရှေ့က"
အခန်းဝကထိုလူကို မန်းတွန်းဖယ်ကာ ဘားထဲကထွက်လာလိုက်ပြီး ကားပါကင်စီယှောက်သွားလိုက်သည်။
"ချီးးးပဲ"
မန်း၏ကားအရှေ့သို့တခြားကားတစီးကပိတ်ရပ်ထားတာကြောင့်မန်းစိတ်ပျက်လက်ပျက်ထိုကားကိုကြည့်လိုက်မိသည်။
"ကိုယ်ကူညီရမလား"
လိုက်လာပြန်ပြီဲ။
"မလိုဘူး"
"ဒါဆိုမင်းကားဘယ်လိုထုတ်မလဲ"
"ကိုယ့်ဘာသာထုတ်ချင်သလို...နေပါအုံးးဒါကျန်တော့ကားမှန်းဘယ်လိုသိလဲ"
မန်းမေးလိုက်တော့ တန်မျက်နှာတချက်ပျက်သွားကာ မန်းစီမှအကြည့်လွဲလိုက်၏။
"အော်..ဒါဆိုဒီပိတ်ရပ်ထားတဲ့ကားက မင်းကားပေါ့"
"အမ်..ဟုတ်..ဟုတ်တယ်လို့ပဲပြောရမှာပေါ့"
"မင်းကအဲ့လိုလား..ရတယ်လေ"
မန်းပြောပြီးတာနဲ့ကားထဲဝင်သွားကာ ကားစက်ကိုနှိုးလိုက်သည်။
မန်းဘာလုပ်တော့မလဲဆိုတာရိပ်စားမိသည့် တန်မှာ အမြန်ပင်မန်းကားမှန်အားလာခေါက်၏။
"ဟိတ်..ဟိတ်...ကိုယ်တို့အေးဆေးပြောရအောင်လေ"
"မင်းကားကိုဖယ်ပေး"
"လုပ်ပါ.."
"မဖယ်ရင်ဖြတ်တိုက်မှာနော်"
တကယ်လုပ်ဟန်ရှိသည့်မန်းကြောင့်တန်လဲမပြောသာတော့ပဲကားကိုဖယ်ပေးလိုက်ရ၏။
တန်ကားဖယ်သွားသည်နှင့် မန်းရဲ့ကားလဲနေရာမှထွက်သွားတော့သည်။
"ဟေူးး..မင်းလေးကကိုယ်လိုက်ဖူးသမျှထဲမှာ အခက်ဆုံးပဲ"
.
.
.
."ဘယ်လိုလဲ..မင်းအကိုသက်သာပြီလား"
"အေးသက်သာသလိုတော့ရှိနေပါပြီ။ တိုက်သွားတဲ့ကားကလဲ အခုပြန်တောင်းပန်နေတယ်။ ဆေးရုံစရိတ်လဲသူတို့ကပဲရှင်းပေးတာ"
"အဲ့လိုတာဝန်ယူတတ်တဲ့လူနဲ့တွေ့လို့ပေါ့ကွာ..မဟုတ်ရင် မင်းအခြေအနေနဲ့မင်းအကိုဆေးရုံစရိတ်ကိုတတ်နိုင်မှာမဟုတ်ဘူး။"
CITEȘTI
The end of the love story (uni/zaw) (perthchimon)
Dragosteကျောင်းရဲ့ဂျစ်ကန်ကန် လူမိုက်ကျောင်းသားစာရင်းဝင်ဖြစ်တဲ့ သဌေးသားလေးတစ်ယောက်ရဲ့ စိတ်ဒဏ်ရာတချို့ကြောင့် လူတွေနဲ့ပေါင်းသင်းဆက်ဆံရေးအဆင်မပြေခဲ့ပဲ ချမ်းသာမှုရဲ့ အာဏာကိုသုံးကာ ဆိုးချင်တိုင်းဆိုးနေတဲ့ အထက်တန်းကျောင်းသားလေး။ မိဘတွေမရှိတော့တဲ့အတွက်အကိုဖြစ်သူနဲ...