Ep 15

339 25 2
                                    

"baby ရေ....mon ရေ"

အိမ်ရှေ့ကအော်ခေါ်သံကြောင့် chimon အိပ်နေရာကနိုးလာကာအိပ်ချင်မူးတူးနှင့်ပဲ တံခါးထဖွင့်ပေးရသည်။

"perth..မူးလာတာလား"

"mon လေးရေ.....ကိုယ့်အချစ်လေး"

တံခါးဖွင့်ပေးလိုက်သည်နှင့် ကိုယ်ပေါ်မှီကျလာသော ခန္ဓာကိုယ်ကြီးကြောင့် chimon ပါအနေနာက်သို့ယိုင်ကျမလိုဖြစ်သွားရသည်။

"ဟင်းးး"

သက်ပြင်းတစ်ချက်ချလိုက်ပြီး chimon လည်း perth အားတွဲကာအခန်းထဲခေါ်လာပေးရပြန်သည်။

"အချစ်လေးရေ....ကိုယ့်ကိုဖတ်ထားပါလားကွာ အင့်..."

"မူးနေရင်ငြိမ်ငြိမ်နေ..ပါးစပ်ကအားအားယားယားယျှောက်အော်မနေနဲ့"

ပြောပြီး perth အားကုတင်ပေါ်ချပေးလိုက်ကာ ခနအမောဖြေရသည်။

ထိုနေ့ကတော့အတော်မူးလာသည်နှင့်တူသည်။ ပါးတွေမှာတောင်ရဲလို့..ဘယ်သူပြန်လိုက်ပို့လဲတော့မသိပေမဲ့ အိမ်ကိုပြန်ရောက်လာတာပဲကျေးဇူးတင်ရမလိုပင်။

ဟမ်..နေပါအုံးး။ သူအိမ်ကိုပြန်ရောက်လာတယ်ပြောရအောင် ဒါငါ့အိမ်လေ! ဟင်းးးတကယ့်ကောင်..ငါ့အိမ်ကသူမူးရင်လာအိပ်တဲ့နေရာကျနေတာပဲ

"mon ရေ.."

ကုတင်ပေါ်ဟိုလိမ့်ဒီလိမ့်နှင့် အော်ခေါ်နေပြန်ပြီ။

"ဘာလဲ"

"ကိုယ့်ကို ဖတ်ထားလေကွာ"

"တော်စမ်းပါ!"

"အဟင့်...mon ကအရမ်းရက်စက်တယ်သိလား။ ကိုယ့်ကိုမချစ်ဘူးလားးး"

"မချစ်နိုင်ပါဘူးး မင်းလိုအမူးသမားကိုငါကချစ်စရာလား"

"အင်းးး mon ကချစ်စရာလေး"

ကြားချင်ရာတွေကြာပြီးပြောနေသည့် perth ကြောင့် chimon စိတ်ပျက်လက်ပျက်နှင့် ရေချိုးခန်းထဲဝင်သွားလေ၏။

ခနအကြာမှာရေဇလုံတစ်ခုနှင့်အတူပြန်ထွက်လာသည့် chimon ဟာလက်ထဲမှာလည်းသပတ်တထည်နှင့်။

"ဟေ့..perth အင်္ကျီချွတ်အုံး"

"အင်းးးး အိပ်ချင်နေပြီ"

The end of the love story (uni/zaw) (perthchimon)Where stories live. Discover now