Ep 19

362 23 7
                                    

"ဘယ်လိုနေသေးလဲ အကို"

"အင်း သက်သာလာပြီ..."

ဆေးရုံကနေဂျင်နိုးတာတည်းက ဘေးတွင်မနားမနေပြုစုပေးနေသော ညီဖြစ်သူလေးကြောင့် ဂျင်လဲအားတွေနာရ၏။

ညီအစ်ကိုချင်းပဲဆိုအဆင်ပြေပေမဲ့ အခုကညီဖြစ်သူရဲ့သူငယ်ချင်းတွေကပါလာပြုစုနေရတာလေ။

"ခနနေ ဆရာဝန်လာအုံးမှာ။ အကိုနေမကောင်းသေးရင်ပြောနော်"

"အင်းပါ..mon...မင်းလဲပင်ပန်းနေပြီလေ"

"မဟုတ်ရပါဘူး...ကိုယ့်အကိုကိုကိုယ်ပြုစုရမှာပေါ့"

ထိုစဥ်အခန်းတံခါးဖွင့်လာပြီးအခန်းထဲသို့ ဖတ်စ်နှင့်ဘလ်ဝင်လာချေသည်။

"ဟေးးး chimon..ဒီမှာ ငါတို့မင်းအတွက်ရော အကိုကြီးအတွက်ပါ ညနေစာဝယ်လာတယ်"

ဖတ်စ်ဟာသူ့လက်ထဲက ညနေစာထုတ်အားမြှောက်ပြရင်းရီမောမောပြောလေတော့ မသိတဲ့သူတွေကြည့်ရင် လောလောလတ်လတ်အသဲကွဲထားသူဆိုတာယုံမည်မဟုတ်။

"အင်းး ကျေးဇူးပဲ ဖတ်စ်.."

"ပေး..ငါသွားထည့်လိုက်မယ်"

ဘလ်ဟာဖတ်စ်လက်ထဲက ညနေစာထုတ်ကိုလွဲယူလိုက်ပြီးနောက် ဖတ်စ်လည်း chimon နားယျှောက်သွားချေသည်။

"အကိုကြီး..နေကောင်းပြီလား"

"အင်းး ကောင်းပါပြီဗျာ ဂရုစိုက်ပေးကြတဲ့အတွက်ကျေးဇူးပါ"

ငယ်စဥ်တည်းက ဖတ်စ်ရော chimon ရောဟာ ဂျင်၏အုပ်ထိန်းမှုအောက်မှကြီးပြင်းလာသူတွေမို့ တရင်းတနှီးရှိကြသည်မှာမဆန်း။

"ဒါဆို အကိုကြီးဆေးရုံကဆင်းရင် မုန့်ဖိုးပေးရမယ်"

"အယ်..ဒါဆိုမင်းတို့ကမုန့်ဖိုးလိုချင်လို့ငါ့ကိုလာပြုစုနေကြတာပေါ့"

"ဒါပေါ့"

"ဒီကလေးကတော့"

ပြောရင်းဆိုရင်း ဖတ်စ်ခေါင်းအားအသာခေါက်လိုက်တော့ ဖတ်စ်မှာကျေနပ်စွာရီလေသည်။

ဖတ်စ်ရီသံကြောင့် ကျန်တဲ့သူတွေပါထရီကုန်တော့သူတို့အတွက်ဆေးရုံကတော့ပျော်ဖို့ကောင်းနေသလားထင်ရ၏။

The end of the love story (uni/zaw) (perthchimon)Where stories live. Discover now