Ep 11

392 30 2
                                    

chimon အိမ်ထဲကိုခြေသံဖွဖွလေးနဲ့ဝင်လာမိသည်။ သေချာပေါက်အကို့ကိုကြောက်နေလို့ပေါ့။

ညနေကလဲစောင်းနေပြီမို့ ကျောင်းသွားရင်လဲမမှီတော့တာသိသည်လေ။ ထွက်သွားတုန်းကအိမ်နေရင်း ဟူဒီလေးနဲ့ ဂျင်းဘောင်းဘီအရှည်သာဝတ်သွားခဲ့ပြီးလိုရမယ်ရ လွယ်အိတ်ပါယူသွားခဲ့တာ။

အခုတော့ လွယ်အိတ်လေးလွယ်ပြီးအိမ်ထဲကိုခိုးကြောင်ခိုးဝုတ်ဝင်လာတဲ့ကြောင်လိုပဲ။

"ပြန်လာသေးတယ်ပေါ့"

"အမေ့!!"

အနောက်မနှထွက်လာတဲ့အသံကြောင့် ​chimon လန့်ကာထအော်တော့သည်။

"ဘယ်ကပြန်လာတာလဲ"

ဂျင်ဟာမျက်နှာတည်ကြီးနဲ့မေးလာတာကြောင့် chimon အသက်ပင်မရူရဲအောင်ကိုကြောက်နေရလေပြီ။

ကိုယ့်ထက်အသက်သိပ်မကြီးပေမဲ့လို့ ငယ်စဥ်တည်းကသူကပဲ ပြုစုပျိုထောင်လာတာကြောင့်သူ့ရင်ထဲမှာတော့မိဘလိုပင်။

"perth..perth ကိုပို့ပြီးပြန်လာတာပါ"

"သူ့ကိုသွားပို့တာအဲ့လောက်ကြာလား"

"ဟို...ကျန်တော်....ခနလောက်အိပ်ပျော်သွာလို့ပါ"

"သူနဲ့နှစ်ယောက်တည်းရှိနေတာတောင်မင်းကအိပ်ပျော်သွားတယ်ပေါ့"

"အဲ့..အဲ့လိုမဟုတ်ပါဘူးး အဲ့တာက...ကျန်တော်.."

"ထားလိုက်တော့..ဒါပေမဲ့ ငါတစ်ခုတော့ကြိုသတိပေးထားမယ်။ မင်းနဲ့ငါက ညီအကိုအရင်းတွေမဟုတ်တဲ့အတွက် ငါ့မှာမင်းကိုတရားဝင်အုပ်ချုပ်ခွင့်မရှိဘူး...ဒါကြောင့်မင်းကို မင်းကိုယ်မင်းကာကွယ်နိုင်အောင်လုပ်စေချင်တယ်။ အဲ့လို မျိုးမစစ်ကောင်နဲ့ ထပ်ပတ်သတ်တာမျိုးကိုငါမကြားချင်တော့ဘူး...ဒါပဲပြောမယ် mon"

ထိုသို့ပြောကာအပြင်ထွက်သွားသော အကိုဖြစ်သူကြောင့် chimon လဲ ခနတော့နေရာမှာတင်ရပ်နေမိသည်။

အမှန်တော့ဂျင်နှင့်သူသာ အဖေတူအမေကွဲ ညီအကိုတွေသာဖြစ်ပြီး ဂျင်၏ဖခင်ဟာသူ့မိန်းမနှင့်ကာရျင်းပြီးနောက် chimon တို့သားအမိနှင့်လက်ထပ်ခဲ့သည်။

The end of the love story (uni/zaw) (perthchimon)Where stories live. Discover now