Ep 16

385 33 3
                                    

"အိုက်ဘလ်!! မင်းဘာဖြစ်နေတာလဲကွာ!"

ဖတ်စ်အသံအားမကြားချင်ယောင်ဆောင်ကာ
ဘလ်တစ်ယောက်ကန်တင်းစာပွဲမှထ ထွက်သွားဖို့လုပ်လိုက်၏။

သို့သော် ဘလ်အားဖတ်စ်ပြန်ဆွဲထားလိုက်ပြီးသူနှင့်မျက်နှာချင်းဆိုင်ရပ်စေကာ ဘလ်မျက်နှာအားတည့်တည့်ကြည့်လိုက်သည်။

"မင်းဘာဖြစ်လိ​ငြာ့ကိုရှောင်နေတာလဲ ဘလ်!"

"မင်းဘာလုပ်ထားလဲ မင်းပဲသိမှာပေါ့!"

"ငါဘာလုပ်လို့လဲ?!"

"ဒီမှာ!"

ဘလ်ဟာ သူ့ဖုန်းအားဖတ်စ်စီထိုးပေးလာတော့ ဖတ်စ်အားဘလ်အားအားမရသလိုကြည့်ကာဖုန်းအားယူကြည့်လိုက်၏။

ထိုအခါမှသူသိရသည်ဟာ ကျောင်း page တွင်သူနှင့် ဆတ်စ်ပုံတွေ။

ဆတ်စ်နှင့်မူးပြီးဘားမှာခါးဖတ်ကတဲ့ပုံတွေကလိုင်းပေါ်မှာပလူပျံလို့။ ပိုဆိုးသည်ဟာမနေ့ညက မူးနေသည့်ဖတ်စ်အား သူ့ကားထဲသို့ပွေ့ချီကာထည့်ပေးနေသည့် ဆတ်စ်၏ပုံတွေပင်။

"ချီးးး ဒါတွေကဘာတွေလဲ!"

"အဲ့တာငါမေးရမှာလေ! မင်းနဲ့ဆတ်စ်ကဘာတွေလဲ!"

"မဟုတ်ဘူး ဘလ်..ငါရှင်းပြမယ်"

"တော်စမ်းပါ..!"

"ဘလ်! နေအုံးလေ!!"

လှည့်ထွက်သွားသည့်ဘလ်အားဖတ်စ်လိုက်ချေည့သော်လည်းမရချေ။ ဘလ်အကြောင်းဖတ်စ်သိသည်။ ဘလ်ဟာသိမ်ငယ်တတ်သည့်သူ..ပြီးတော့သူဟာဆတ်စ်တို့၏အနိုင်ကျင့်ခြင်ခံထားရသူဆိုလည်းမမှား။

ထို့ကြောင့် ဖတ်စ်ဟာလည်းဆတ်စ်တို့ဘက်ပါသ်ားမှာဘလ်ကြောက်မှန်းသူနားလည်ပေးနိုင်သည်လေ။

သို့သော်တစ်မနတ်လုံးတော့ ဖတ်စ်တစ်ယောက်ဘလ်အားချော့မရခဲ့။

ဘလ်ဟာအတန်းချိန်တွေရောက်မလာသလို ဖတ်စ်ဖုန်းဆက်တာတွေကိုမကိုင်တော့ချေ။ နောက်ဆုံးတော့ ဖတ်စ်လည်းစိတ်ပျက်လက်ပျက်နှင့်စန္ဒယားကလပ်စီကိုသာထွက်လာလိုက်၏။

စန္ဒယားကလပ်မှာတော့ မကြာခင်ဖြတ်သိမ်းတော့မည်ဖြစ်တာကြောင့်တချို့ပစ္စည်းတွဟာလည်းရွေ့ထားနှင့်လေပြီ။ လူတွေလဲမလာကြသလို အခန်းကိုလည်းပိတ်ထားလေရဲ့။

The end of the love story (uni/zaw) (perthchimon)Where stories live. Discover now