Ep 14

336 23 0
                                    

"ကြယ်တာရာတွေ......လင်းတွေနေတယ်.........."

"တော်တော့ အတ်! မသောက်နဲ့တော့ မင်းမူးနေပြီ"

မူးရူးပြီးဆိုချင်တာတွေယျှောက်ဆိုနေတဲ့ သူငယ်ချင်းဖြစ်သူအား မန်းမှာလိုက်ထိန်းနေရသည်။ သူကိုယ်တိုင်ကမူးနေသော်လည်း အတ်လောက်တော့အသိစိတ်မမဲ့တာမို့ ဝိုင်းထဲမှာတော့ သူကဒုတိယအတာ်ငြိမ်ဆုံးလူ။

ပထမအတည်ငြိမ်ဆုံးကတော့အခုထိမူးသည့်ပုံမပေါ်သေးသော တန်ပေါ့။

"အိုက်ဆတ်စ်!!! မင်းငါ့ကိုဘုကြည့်ကြည့်နေတာလားးး မင်းရန်ဖြစ်ချင်လို့လားးဟမ်!"

ဆတ်စ်မှာလည်းမူးပြီးသူ့ကိုရန်ပြန်တွေ့နေသည့်သူ့အကောင်ငယ်လေးအားကြည့်ကာ ဆက်ဖြီးဖြီးနှင့်။

"အာ..ဒါဆို perth ငါ အတ်ကိုပြန်ပို့လိုက်တော့မယ်"

"အာ..နေပါအုံးး။ မင်းမူးနေတာမောင်းလို့ဖြစ်ပါ့မလား"

"ရပါတယ်။ ငါအသိစိတ်ရှိသေးတယ်"

"မဖြစ်ပါဘူးးးး တော်ကြာငါနောက်ကလိုက်စီးရင် သေနေရမယ်။ အယ်..တန် မင်းမမူးသေးဘူးမှတ်လားး ငါတို့ကိုလိုက်ပို့ပါလား"

မူးနေသည့်အတ်ဟာ သူ့ဘာသာထိုင်နေသည့်တန်အားလိုက်ပို့ခိုင်းနေတာကြောင့်မန်းအမြန်တားရတော့၏။

"ထားလိုက်ပါ...ငါလိုက်ပို့မယ်။ စိတ်ချ မင်းမသေစေရဘူး"

"ရပါတယ်ဗျ..ကျန်တော်လိုက်ပို့ပေးပါ့မယ်"

"မလိုပါဘူး"

တန်စကားကို မန်းပြန်ငြင်းလိုက်ကာ အတ်ကိုသာတွဲပြီးဘားထဲကခေါ်ထုတ်လာရသည်။

ဘားအပြင်ရောက်တော့ရပ်ထားသည့်သူ့ကားထဲ အတ်ကိုထည့်ကာ သူကတော့အရှေ့ခန်းတွင်ထိုင်ပြီးခနအမူးပြေအောင်ထိုင်နေလိုက်၏။

အရင်ကလည်း ဘားသွားတိုင်းမူးလာသည့်အတ်ကို သိပ်သောက်လေ့မရှိသည့်မန်းကပဲ ပြန်ပြန်ပို့ပေးရတာမို့ဒါဟာမဆန်းတော့။

သို့သော်ဒီနေ့မှထိုငမူးဟာ အခုမှခင်သည့်သူအားလိုက်ပို့ခိုင်းနေလေရဲ့။ သူငယ်ချင်းကိုသစ္စာဖောက်တဲ့ကောင်။

The end of the love story (uni/zaw) (perthchimon)Where stories live. Discover now