Ep 8

387 29 10
                                    

chimon နိုးတော့ တခြားမနတ်ခင်းတွေနှင့်မတူပဲ နွေးထွေးနေသည်က်ုခံစားမိသည်။

မျက်လုံးကိုအားယူပြီးဖွင့်ကြည့်မိတော့ သူ့မျက်စိရှေ့ကအိပ်ပျော်နေသည့် perth..။

ဟိုတစ်ခေါက်ကျောင်းခန်းထဲမှာတုန်းက perthမျက်နှာကိုသေချာမကြည့်လိုက်ရ၍ အခုတော့ သေချာလိုက်ကြည့်နေမိသည်။

သူဟာထင်ထားတာထက်ကိုပိုကြည့်ကောင်းတဲ့ယောကျားတစ်ယောက်ပဲ။ ကြည့်နေရင်းအကြည့်တွေတောင်မခွာမိသည်အထိ ဆွဲဆောင်နေနိုင်လွန်းသည်။

chimon ၏အတွေးတွေနှင့်မျက်လုံးတွေဟာ perth ၏ခပ်ဟဟနှခမ်းစီရောက်သွားချိန်မှာ ခေတ္တာမျှ မင်သက်စွာငေးကြည့်နေခဲ့မိ၏။

မဖြစ်ဘူး! မင်းစိတ်ယိုင်သွာလို့မရဘူး chimon

chimon သူ့ကိုယ်သူပြန်ထိန်းရင်း perth ရင်ခွင်ထဲမှရုန်းထွက်လိုက်ပြီးကုတင်ပေါ်ကဆင်းလိုက်သည်။ ထို့နောက်ရေချိုခန်းထဲသွားရန်လှည့်ထွက်ချိန်မှာမျက်လုံးများဟာ တံခါးစီသိုု့ရောက်သွား၏။

မနေ့ညကပိတ်ခဲ့သည့်တံခါးဟာအခုတော့ပွင့်နေလေပြီ။ chimon လဲအခြေနေကိုုနားလည်လိုက်ပြီး အခန်းပြင်ပြေးထွက်ကာအကိုကြီးကိုလိုက်ရှာတော့၏။

ထို့နောက်တော့ဧည့်ခန်းမှာ ဘီယာထိုင်သောက်နေသည့် အကိုဖြစ်သူကိုမြင်လိုက်ရသည်။

"အကို..ဘယ်တည်းကပြန်ရောက်နေတာလဲ"

"မနေ့ညတည်းက"

ဂျင်ကခပ်ပြတ်ပြတ်ပြန်ဖြေလာတော့ chimon လဲအထွန့်မတတ်ရဲတော့ပဲ ဂျင်သောက်ထားသည့်ဘီယာဗူးအခွံတွေအားလိုက်ကောက်သိမ်းနေလိုက်သည်။

"မင်းနဲ့ perth ကဘာတွေလဲ"

"အမ်..? အကိုသူ့ကိုသိတာလား"

"ဟက်!! သိရုံတင်ဘယ်ကမလဲ! ငါကသူ့ကိုစောက်ရမ်းမုန်းတာကွ!"

"မုန်းတယ်..? အကိုဘာတွေပြောနေတာလဲ"

"ငါမေးတာဖြေစမ်းပါ! မင်းတို့ကဘာတွေလဲ!"

"အကိုမသိတဲ့ဆက်ဆံရေးပါ"

သူဟာ perth ကိုပိုက်ဆံယူပြီးစာလုပ်ပေးနေရတဲ့သူဟုမပြောလိုက်ချင်တာကြောင့် အလွယ်ကူဆုံးသာပြန်ဖြေလိုက်သည်။

The end of the love story (uni/zaw) (perthchimon)Where stories live. Discover now