22

272 15 0
                                    

"အွန်း..."

ဖတ်စ်တစ်ယောက်အိပ်ယာပေါ်လူးလိမ့်နေသည့်အခါ ဘေးတွင်အိပ်နေသည့်ဘလ်မှာလန့်နိုးသွားရသည်။

ဘလ်နိုးတော့ဖတ်စ်ဟာကုတင်တစ်ခုလုံးကိုမောင်ပိုင်စီးထားပြီးသူ့ကိုတော့မပြုတ်ကျရုံတမယ်ပင်။

"အအိပ်ဆော့လိုက်တာ"

ဘလ်ဟာ ဖတ်စ်ကိုစောင်သေချာပြန်ခြုံပေးလိုက်ပြီး ကုတင်ပေါ်ကဆင်းလာကာ အခန်းထဲကထွက်သွာဖို့လုပ်လိုက်ပေမဲ့ ဖုန်းသံထမြည်လာတာကြောင့်သူ့ခြေလုမ်းတွေတုန့်ဆုတ်သွားသည်။

ဘလ်အသံလာရာကိုကြည့်လိုက်တော့ ဖတ်စ်၏ဖုန်းကမြည်နေတာဖြစ်တာကြောင့်သွားကြည့်လိုက်တော့ ^ ခွေးကောင်ဆတ်စ် ^ တဲ့။

"ဟယ္လို"

-/ဟယ္လို ဖတ်စ်မင်းဘယ်မှာလဲ

"ဖတ်စ်အခုငါ့အိမ်မှာ"

-/ မင်းအိမ်မှာဆိုတာ ဘယ်သူလဲ

"သူ့သူငယ်ချင်းဘလ်

-/မင်းအိမ်တည်နေရာပို့လိုက်

"လာမလို့လား။"

-/မင်းအိမ်တည်နေရာသာပို့လို့ စကားမများနဲ့

"ok လေ.."

ဘလ်ဟာဖုန်းချလိုက်ပြီး ဆတ်စ်အားတည်နေရာကိုပို့ပေးလိုက်သည်။

ဆတ်စ်တစ်ယောက်နေ့လည်ထဲက ဖတ်စ်ကိုနေရာအနှံလိုက်ရှာနေခဲ့တာပင်။

ဖုန်းဆက်ကြည့်တော့လဲမကိုင်တာကြောင်သြူ့ဖတ်စ်ကိုအလွန်စိုးရိမ်၏။ ကိုယ့်မိသားစုဝင်တွေကိုတောင်အာရုံထဲသိပ်မရှိသည့်ဆတ်စ်ဟာဖတ်စ်ဖုန်းမကိုင်တာလေးကိုအသဲအသန်ဖြစ်နေရလားဆိုရင် ဖြစ်ပါတယ်။

ဆတ်စ်မသိလိုက်ခင်မှာပဲ ဖတ်စ်ကသူ့နှလုံးသားရဲ့တထောင့်တနေရာကိုဝင်ရောက်နေပြီဖြစ်ပါတယ်။

.
.
.
.

"ဟျောင့်!"

* ဒုန်းဒုန်း *

"တံခါးဖွင့်စမ်း!!"

အိမ်ရှေ့မှာအော်ကြီးဟစ်ကျယ်လာလုပ်နေသော ဆတ်စ်အားဘလ်တံခါးထဖွင့်ပေးရတော့သည်။

"သူဘယ်မှာလဲ..ဖတ်စ်! ဖတ်စ်ဘယ်မှာလဲ"

"အခန်းထဲမှာ"

The end of the love story (uni/zaw) (perthchimon)Where stories live. Discover now