Part [1]

2.3K 87 8
                                    


[unicode]

idolကိုထိခိုက်လိုစိတ်မရှိပါ

လက်ထဲမှာ ဓားကိုင်ထားတဲ့ အသက်၂၀အရွယ် ကောင်လေးတစ်ယောက်။ ထိုကောင်လေးရဲ့အောက်တွင်လည်း အသက်၄၀ ကျော်အရွယ် လူတစ်ဦးရှိနေသည်။ သူတို့တွေက ရုန်းရင်းဆန်ခတ်ဖြစ်နေသည့် အနေအထားပင်။

ပြီးတော့ ထိုအဖြစ်အပျက်တွေကို အခန်းဝကနေ ချောင်းကြည့်နေတဲ့ ၁၀နှစ်အရွယ် ကောင်လေးတစ်ဦး။

သူကြည့်နေတုန်းမှာပင် အသက်၄၀အရွယ်လူကြီး၏ ရင်ဘတ်ထဲဓားစိုက်ဝင်သွားခဲ့သည်။

"မလုပ်နဲ့!!"

....

ဒီနေ့လည်း ပုံမှန်အတိုင်းမက်လာတဲ့ အိပ်မက်ကြောင့် သူရင်ဘတ်ထဲမှာ ပူလောင်လာရသည်။

"first khanaphan!!"

"ခင်ဗျား ဘယ်ရောက်နေတာလဲ...အခုချက်ချင်းလာခဲ့!"

khaotungမနက်မိုးလင်းအစောကြီး စိတ်ရှုပ်စရာတွေနဲ့ပဲတိုးနေသည်။

မနက်မိုးလင်းတာနဲ့ သူ့ကိုလာနှိူးပြီး မျက်နှာသစ်သန့်စင်ဖို့အတွက် အဆင်သင့်လုပ်ပေးရမယ့် တာဝန်ယူပေးထားတာကို အခုထိအရိပ်အယောင်မတွေ့ရသေး။

အတော်အတန်ကြာသည်အထိ ပြန်ဖြေသံမကြားရတာကြောင့် သူ့ဒေါသတွေငယ်ထိပ်ရောက်သွားရသည်။

သူကုတင်ပေါ်က ထလာကာ အလုပ်သမားအဆောင်သို့သွားလိုက်သည်။

"ခင်ဗျားဘယ်မှာလဲ...ကိုယ့်အလုပ်ကိုယ်မသိဘူးလား..ထွက်လာခဲ့စမ်း!"

"ဟို..ဟို..သခင်လေး.... သားfirstက နေမကောင်းဘူးကွဲ့၊ မနေ့က နေပူထဲမှာ ပန်းပင်တွေတစ်နေကုန်စိုက်ခဲ့ရလို့နဲ့တူပါတယ်"

"ဘာ!....ယောကျာ်းဖြစ်ပြီး အဲ့လောက်ပျော့ရလား၊ တောက်! အသုံးကိုမကျဘူး...နောက်တစ်ခါကျရင် နေမကောင်းဖြစ်လို့ ထမနိုင်ရင်တောင် ကျွန်တော့်ဆီ လေးဘက်ထောက်ပြီး လာခဲ့လို့ပြောလိုက်၊ နေ့လည်ကျရင် ကုမ္ပဏီကို ထမင်းချိုင့်လာပို့ခိုင်းဖို့မမေ့နဲ့"

"ဟုတ်ကဲ့ပါသခင်လေး"

သူအိမ်တော်ထိန်းအား ပြောပြီးတာနဲ့ ကုမ္ပဏီသို့ ထွက်လာလိုက်သည်။

H̷E̷ ̷C̷A̷L̷L̷ ̷M̷E̷ ⚠🔥[Completed]Where stories live. Discover now