Part [13]end

1K 46 22
                                    


[unicode]

idolကိုထိခိုက်လိုစိတ်မရှိပါ

ဆေးရုံမှာ တစ်ရက်သာနေပြီးနောက် အိမ်ကိုပြန်လာခဲ့လိုက်သည်။ကြီးမေနဲ့ တစ်ယောက်သောသူက တားသော်လည်း သူလက်မခံခဲ့ပေ။

အခုတော့ ထိုသူက ကောက်တော်မူနေတာကြောင့် သူလိုက်ချော့နေရသည်။

"အချစ်..မောင့်ကိုစောင့်ပါအုံး၊ ဆေးရုံကဆင်းလာတယ်ဆိုတာက မောင်က အကုန်လုံးကောင်းဖို့အတွက် လုပ်ခဲ့တာပါ"

သူပြောလိုက်တော့ ထိုသူက ခြံတစ်ဝန်းလုံးလိုက်ပတ်သွားနေမှရပ်လိုက်သည်။

"ဘယ်နေရာကောင်းတာလဲ"

"အချစ်ပဲ စဥ်းစားကြည့်လေ...တကယ်လို့ ဆေးရုံမှာဆက်နေရင် ပိုက်ဆံလည်းကုန်မယ်၊ အချစ်လည်းပင်ပန်းမယ်...မောင်လည်းနေရခက်တယ်လေကွာ...ဒီလောက်ဒဏ်ရာကတော့ မောင်ဘာမှမဖြစ်ပါဘူး"

"ဒါပေမယ့် စိတ်ချရအောင်လို့ ဆေးရုံမှာနည်းနည်းနေလိုက်တော့ ဘာဖြစ်မှာကြောက်လို့လဲ"

"ကဲပါ...မောင်တောင်းပန်ပါတယ်နော်၊ စိတ်မဆိုးပါနဲ့တော့...နောက်တစ်ခါကျရင် ဆေးရုံမှာအကြာကြီးနေပေးမယ်နော်"

"ကိုယ်က စိတ်ဆိုးရအောင်ကလေးမဟုတ်ဘူး၊ ပြီးတော့ ဘာကို​နောက်တစ်ခါလဲ...နောက်ထပ်ဓားထိုးခံချင်သေးလို့လား"

"မဟုတ်ပါဘူး..မောင်ကသဘောပြောတာ၊ စိတ်မဆိုးဘူးဆိုရင်လည်း ထမင်းသွားစားရအောင် လာ..."

"အင်း"

သူတို့တွေအိမ်ထဲရောက်တော့ ကြီးမေက နေ့လည်စာအတွက်တောင် ပြင်ဆင်လို့ပြီးနေပြီဖြစ်သည်။

khaotungက ခုံတစ်ခုံကိုဆွဲထုတ်ကာ firstအားထိုင်စေလိုက်ပြီးနောက် သူကဘေးကခုံတွင်ထိုင်လိုက်သည်။

သူတို့ထိုင်လိုက်သည်နှင့် ကြီးမေကအလိုက်သိစွာ ထမင်းဖြူတွေခူးထည့်ပေးတာကြောင့် ကြီးမေအား ကျေးဇူးတင်ကြောင်းပြောကာ ထမင်းစားလိုက်တော့သည်။

ထမင်းစားနေတဲ့အချိန်တွင် khaotungက firstအား ဟင်းတွေခပ်ထည့်ပေးနေပြီး ထမင်းစားတာကနည်းနည်း firstကိုကြည့်နေတာက များများမို့ firstက မျက်နှာမဖော်ရဲအောင်ရှက်နေပြီး ဘေးက အိမ်အကူများမှာတော့ ထိုသည်ကို ကြည်နူးစွာကြည့်နေကြတော့သည်။

H̷E̷ ̷C̷A̷L̷L̷ ̷M̷E̷ ⚠🔥[Completed]Where stories live. Discover now