Part [7]

881 52 15
                                    


[unicode]

idolကိုထိခိုက်လိုစိတ်မရှိပါ

khaotungက ညဘက်အထိပါ firstအနားက တစ်ဖွားမှမခွာပဲ ပြုစုနေခဲ့ပြီး ထိုနေရာမှာသာအိပ်ပျော်သွားခဲ့သည်။

ရိုးရိုးတန်းတန်းအိပ်နေခြင်းတော့မဟုတ်..firstအား ရင်ခွင်ထဲထည့်ကာဖက်ထားပြီး ကုတင်ပေါ်မှာ ပူးကပ်စွာအိပ်နေခြင်းပင်။

နောက်နေ့မနက်တွင် firstက နိုးနေတာကြာပြီးဖြစ်သော်လည်း ဒီအတိုင်းသာ မျက်လုံးဖွင့်ကာ နေနေသည်။ တကယ်တော့ သခင်လေးရဲ့မျက်နှာချောချောကို ငေးနေတယ်ဆိုရင်ပိုမှန်လိမ့်မည်။

မနေ့က သခင်လေးက သောက်ဆေးလိမ်းဆေးရော သေချာဂရုတစိုက် လုပ်ပေးထားတာကြောင့် သူလှုပ်နိုင်နေပြီဖြစ်သော်လည်း..တစ်နေ့လုံးပြုစုနေခဲ့တဲ့သခင်လေးက ပင်ပန်းနေတာကြောင့် သူမလှုပ်ခဲ့ခြင်းပင်..။

ထိုအစား နီးကပ်စွာရှိနေသော မျက်နှာချောချောလေးကို အားရပါးရ ​ငေးကြည့်နေမိသည်။

တကယ်ကိုပြီးပြည့်စုံပြီး ချောလွန်းသော သခင်လေးသည်...ပိုက်ဆံလည်းချမ်းသာတာကြောင့် မိန်းကလေးတွေရဲ့ ဖက်တွယ်ရာ ခြေတလုံးကြီးပင်။ ဒီလိုလူကိုမှမကြိုက်ရင် သူတို့တွေအတွက် လူဖြစ်ရကျိုးနပ်မည်မဟုတ်။

တကယ်တန်းကျတော့လည်း သူက ထိုမိန်းကလေးတွေနဲ့ယှဥ်ရင် ဘာမျှော်လင့်ချက်မှမရှိတဲ့ယောကျာ်းလေးတစ်ယောက်ပင်...သူ့လိုလူက သခင်လေးအပေါ်စိတ်ရှိဖို့တောင်မသင့်ပေ။

သို့သော် ထိုကိစ္စနဲ့ပက်သက်ပြီး သူ့ကိုယ်သူတောင် အခုထိမယုံကြည်နိုင်သေးပေ။ ဘယ်လိုကနေ ဘယ်လိုဖြစ်ပြီး ကိုယ့်ကိုနှိပ်စက်နေတဲ့သူကိုချစ်မိသွားရတာလဲ။

"အဲ့လောက်တောင် သဘောကျတာလား"

သူတွေးနေတုန်း သခင်လေးဆီက ရုတ်တရက်အသံထွက်လာတာမို့ လန့်သွားမိသည်။

khaotungသည်နိုးနေတာကြာပြီးဖြစ်သော်လည်း သူ့ကိုတစ်ယောက်ယောက်စိုက်ကြည့်နေသလိုခံစားရတာကြောင့် ဒီအတိုင်းပဲငြိမ်နေလိုက်သည်။ သူ့ရင်ခွင်ထဲက တစ်စုံတစ်ယောက်ရဲ့ စိတ်လှုပ်ရှားစွာ ခုန်နေသည့်ရင်ခုန်သံကြောင့်လည်းပါသည်။

H̷E̷ ̷C̷A̷L̷L̷ ̷M̷E̷ ⚠🔥[Completed]Where stories live. Discover now