Part [3]

902 64 6
                                    


[unicode]

idolကိုထိခိုက်လိုစိတ်မရှိပါ

"boss ဒီညနေရှယ်ယာရှင်တစ်ယောက်က ချိန်းထားတာရှိပါတယ် ဖျက်လိုက်ရမလား"

"ဘယ်သူလဲ"

"ကုမ္ပဏီမှာ ရှယ်ရာအများဆုံးဝင်ထားတဲ့ ဦးကျော်ဓဏပါ"

"ကောင်းပြီး...ငါသွားလိုက်မယ်"

"ဟုတ်ကဲ့ပါ...အဲ့တာဆို ကျွန်တော်အ​ကြောင်းကြားလိုက်ပါမယ်"

အတွင်းရေးမှူးဆိုတဲ့လူထွက်သွားသည်နှင့် သူအလုပ်လုပ်နေရာမှ ရပ်လိုက်ကာ နာရီကိုကြည့်လိုက်သည်။

အင်း..၁၁နာရီတောင်ခွဲနေပြီး...ခဏနေ ဟိုလူတောင်ရောက်လာတော့မယ်။

ထိုလူအကြောင်းတွေးလိုက်သည်နှင့် ခြောက်သွေ့နေတဲ့နှုတ်ခမ်းပါနဲ့...ဆွဲဆောင်မှုရှိလွန်းသော နောက်ကျောတစ်စုံကို ပြန်မြင်ယောင်လာသည်။

(AN/ နောက်ကျောဆိုတာက ခန္ဓာကိုယ်အနောက်ပိုင်းတစ်ခုလုံးကို ဆိုလိုပါတယ်)

'သူက ဘာဖြစ်နေလို့ ငါ့ကိုစိတ်ကြွလာစေတဲ့အထိ ဆွဲဆောင်နိုင်ရတာလဲ'

သူမိန်းကလေးတွေအများကြီးနဲ့ အိပ်ဖို့ကြိုးစားခဲ့ပေမယ့် အဲ့ဒီအချိန်တိုင်း သူ့ရဲ့စိတ်တွေက မနိုးထလာခဲ့ဘူး။

ဒါပေမယ့် ဘာလို့လဲ။ ဘာဖြစ်လို့ ဒီလူမှဖြစ်နေရတာလဲ။

သူရှုပ်ထွေးသွားကာ...သူ့ရဲ့ထကြွနေတဲ့အကောင်ကိုဖြေလျော့ဖို့ ဘောင်းဘီထဲလက်ထည့်လိုက်သည်။

shit..သူ့အကြောင်းတွေးမိယုံနဲ့ ဒီလိုဖြစ်သွားတာမယုံနိုင်သေးဘူး။

'ဟား...ရှီး...'

ဂျောက်!

တံခါးဖွင့်သံနဲ့အတူ အခန်းထဲဝင်လာတဲ့ထိုလူ၊ တံခါးပြန်ပိတ်ပြီးမှ သူ့အခြေအနေကိုမြင်သွားဟန်ဖြင့် မျက်နှာလွှဲသွားသည်။

သူလက်ကိုပြန်ထုတ်လိုက်ကာ ဘောင်းဘီဇစ်ပြန်တပ်လိုက်ပြီး ထိုလူဆီလျှောက်သွားလိုက်သည်။

"အခန်းထဲမဝင်ခင် တံခါးခေါက်ရမယ်ဆိုတာမသိဘူးလား"

"တောင်း...တောင်းပန်ပါတယ်၊ နောက်တစ်ခါမဖြစ်စေရပါဘူး"

H̷E̷ ̷C̷A̷L̷L̷ ̷M̷E̷ ⚠🔥[Completed]Where stories live. Discover now