Part [2]

888 66 10
                                    


[unicode]

idolကိုထိခိုက်လိုစိတ်မရှိပါ

firstအိပ်ပျော်သွားဘယ်လောက်ကြာသွားလဲမသိ...နိုးတာတော့ မိုးတောင်ချုပ်နေပြီးဖြစ်သည်။

မိုး..မိုးချုပ်နေပြီး။ ဒါဆို သခင်လေးပြန်ရောက်လာပြီးပေါ့...။

"သား...အိမ်တော်ထဲလိုက်ခဲ့ပါအုံးကွယ် သခင်လေးက အိမ်ပြန်လာတာသားကိုမတွေ့တော့ သောင်းကျန်းနေတာ"

"ဟုတ်ကဲ့"

khaotungအိမ်ပြန်ရောက်ရောက်ချင်း ဟိုလူက အိမ်ရှေ့မှာရပ်နေပြီး သူ့လက်ထဲက လက်ဆွဲအိတ်ကိုယူကာ သူ့ဖိနပ်ကိုသုတ်ပေးမည်ကို မျှော်လင့်ထားပေမယ့်...အိမ်ရှေ့မှာ အိမ်ကအလုပ်သမားတစ်ချို့သာရှိပြီး ထိုလူကိုတော့ အရိပ်အယောင်တောင်မတွေ့ရ။

တောက်! နေ့လည်ကလွှတ်ပေးလိုက်လို့ ရောင့်တက်လာတာပဲ။ ခင်ဗျားက ကြမ်းတာကြိုက်မှတော့ ကျုပ်ဘာကိုမှငဲ့တွက်မနေတော့ဘူး။

သူစိတ်တိုတိုနှင့် တွေ့သမျှပစ္စည်းအကုန် ရိုက်ခွဲနေမိသည်။

"ဟိုလူကို သွားခေါ်လာခဲ့ကြစမ်း!"

ခဏကြာတော့ ထိုလူက ကြီးမေနဲ့အတူပါလာသည်။

"ဟက်....ရောက်လာပြီးလား၊ ဆိုစမ်းပါအုံး တာဝန်ပျက်ကွက်ရတဲ့အကြောင်းအရင်းလေး"

"တောင်းပန်ပါတယ် သခင်လေး...ကျွန်တော်အိပ်ပျော်သွားလို့ပါ"

"အိပ်ပျော်တယ်...ကောင်းပြီးလေ၊ ဟိုတစ်ယောက် ကြာပွတ်သွားယူလာခဲ့"

ထိုအသံကြားတော့ firstမျက်လုံးပြူးသွားသည်။ မဖြစ်ဘူး...သူနေကောင်းသေးတာမဟုတ်ဘူး၊ ဒီဟာနဲ့သာ အရိုက်ခံရရင် သူ​သေသွားလိမ့်မယ်။
ကျေးဇူးပြုပြီး ကိုယ့်ကြောင့်နဲ့တော့ လူမသတ်ချင်ပါနဲ့ ခလေးငယ်ရယ်။

"ဒီမှာပါ သခင်လေး"

khaotungက ကြာပွတ်အားကိုင်ကာ သူ့ကိုကြည့်ပြီး

"ဟိုစားပွဲပေါ်မှာမှောက်အိပ်လို​က်"

ဧည့်ခန်းထဲက ပစ္စည်းတင်တဲ့စားပွဲပေါ်ကိ မျက်စပစ်ပြတာကြောင့် သူအားတင်းကာ လျှောက်သွားလိုက်ပြီး စားပွဲပေါ်မှောက်အိပ်လိုက်သည်။

H̷E̷ ̷C̷A̷L̷L̷ ̷M̷E̷ ⚠🔥[Completed]Where stories live. Discover now