Part [8]

814 44 13
                                    


[unicode]

idolကိုထိခိုက်လိုစိတ်မရှိပါ

သခင်လေးသူ့ကို ကြင်ကြင်နာနာဆက်ဆံပေးနေတာ ၁လရှိခဲ့ပြီး...သူလည်းအရင်လိုစကားပြန်ပြောလို့ရနေပြီးဖြစ်သည်။

သခင်လေးက အရင်လိုမျိုးသူ့ကို အိမ်ထဲမှာပိတ်လှောင်ထားခြင်းမရှိတော့ပဲ အကြောင်းကိစ္စရှိရင် အပြင်ထွက်ခွင့်ပေးထားသည်။

သူ့လိုတစ်ကောင်ကြွက်က ဘာအကြောင်းမှထွေထွေထူးထူးမရှိတော့ စျေးဝယ်တာလောက်ပဲအပြင်ထွက်ဖြစ်သည်။

"သားfirstရေ...ကြီးမေကိုဒီအိုးလေးတစ်ချက်ကြည့်ထားပေးပါအုံးကွယ်၊ ကြီးမေစျေးဝယ်စရာလေးရှိလို့"

"ဘာဝယ်ဖို့လဲကြီးမေ...ကျွန်တော်သွားဝယ်ပေးမယ်လေ"

"နေပါကွယ်...သခင်လေးက သားfirstကိုအပြင်ပေးထွက်ချင်တာမဟုတ်ဘူး...တော်ကြာသိသွားမှဖြင့် ကြီးမေခေါင်းပြုတ်နေအုံးမယ်"

"သခင်လေးက ကြီးမေကိုရိုသေလေးစားပါတယ်...အဲ့လိုလုပ်မှာမဟုတ်ဘူး၊ ဘာဝယ်ရမလဲသာပြော ကျွန်တော်သွားဝယ်ပေးမယ်"

"အေးပါကွယ်...လိုတာက ကန်စွန်းရွက်နဲ့ အာလူးနဲ့၊ ချင့်ချိန်ပြီးတော့သာဝယ်ခဲ့...စျေးကဒီနားလေးမှာပဲမို့ ကြီးမေစိတ်ချမယ်နော်၊ မြန်မြန်ဝယ်ပြီး မြန်မြန်ပြန်လာခဲ့"

"ဟုတ်ပါပြီးကြီးမေရယ်...စိတ်မပူပါနဲ့၊ သွားပြီးနော်"

ကြီးမေတစ်ယောက် ထွက်သွားပြီဖြစ်တဲ့ firstရဲ့နောက်ကျောကိုကြည့်ရင်း ရင်ထဲမှာလေးနေသလို...စိတ်ထင်တာပဲနေမှာပါလေ။

....

စျေးက လမ်းထိပ်ကျော်တာနဲ့ရောက်ပြီးမို့ သူအမြန်ဝယ်ပြီးပြန်လာခဲ့လိုက်သည်။

လမ်းထိပ်အရောက် သူ့ရှေ့မှာအနက်ရောင်ကားတစ်စီး ပိတ်ရပ်လာပြီး ကားထဲက အနက်ရောင်ဝတ်စုံနဲ့လူတွေထွက်လာကာ သူဘာမှမပြောရသေးခင် သူ့နှာခေါင်းကိုအဝတ်စတစ်ခုနဲ့အုပ်ခံလိုက်ရပြီး ၂စက္ကန့်အကြာတွင် သူ့မျက်လုံးများမှိတ်ကျသွားခဲ့သည်။

ဗွမ်း!!

မျက်နှာကို ရေနဲ့အပတ်ခံလိုက်ရတာမို့ သူနိုးသွားခဲ့သည်။

H̷E̷ ̷C̷A̷L̷L̷ ̷M̷E̷ ⚠🔥[Completed]Tempat cerita menjadi hidup. Temukan sekarang