Part [6]

908 67 7
                                    


[unicode]

idolကိုထိခိုက်လိုစိတ်မရှိပါ

............

"ဒါမှမဟုတ် မင်း ဆို ရင် ကော ဘယ် လို လဲ ဟက်"

nanonက နောက်ဆုံးစကားကို တစ်လုံးချင်း ဖိပြောလာသည်။

"မင်းနေရာမှာ တခြားသူဆိုရင် မျက်နှာတစ်ခုလုံးစုတ်ပြတ်သတ်နေပြီးဆိုတာ ငါလောင်းရဲတယ်"

"ဟ ဟ...ဒေါသမကြီးပါနဲ့ငါ့ကောင်ရ၊ ငါက မင်းအတွက်ပိုကောင်းမယ်ထင်လို့ပြောပြတာ...ဒါမှမဟုတ်လည်း အခြားတစ်ယောက်ကိုပဲ P'firstကို ပြုစုခိုင်းလိုက်လေ..ငါသွားပြီး၊ ဆေးတွေရော အချိန်တွေရောကို ငါအဲ့မှာရေးထားပေးတယ်, ကံကောင်းပါစေ သူငယ်ချင်း"

nanonက နောက်ဆုံးအနေဖြင့် သူ့ပုခုံးအား ခပ်ဖွဖွပုတ်ကာ ထွက်သွားသည်။ အဲ့ကောင်က ဘယ်လိုလုပ်ပြီး သူ့နဲ့သူငယ်ချင်းဖြစ်လာတာလဲမသိ မျက်နှာပိုးက မသေဘူး။

သူထွက်သွားတဲ့ကောင်အား ကြည့်မနေတော့ပဲ ထိုလူဆီကိုသာဖြေးဖြေးချင်းလျှောက်လာလိုက်သည်။

ကုတင်ပေါ်မှာ သတိလစ်နေတဲ့သူက တကယ်ကို အားမရှိကြောင်း အမြင်နဲ့ပင်ထင်ရှားနေသည်။

ဒီလူက ဒီတစ်နှစ်အတွင်း ခန္ဓာကိုယ်က သိသိသာသာပိန်ကျသွားသည်။လက်မောင်းတွေက သူ့လက်နဲ့ပင် ဆုပ်လို့မိနေပြီး...မေးရိုးတွေလည်း အနည်းငယ်ပိန်ကျလာသည်။

နှုတ်ခမ်းတွေကဖြူဖျော့နေပြီး တကယ်ရောဂါသည်အတိုင်းဖြစ်နေပေမယ့် ထိုလူက သူ့မျက်လုံးထဲမှာ...ကျစ်! ဘာလို့စပ်ဆုတ်ဖွယ်ကောင်းလောက်အောင် အရမ်းလှနေရတာလဲ...ခင်ဗျား ပုံမှန်ရောဟုတ်ရဲ့လား။

ရှပ်အကျီအဖြူဝတ်ထားတဲ့ထိုလူသည် အကျီလက်က ပုခုံးအောက်သို့ ကျနေပြီး ပါးလွှာသော အကျီ​ကြောင့် သေးသွယ်လှသောခါးကိုပင် အတိုင်းသားမြင်နေရသည်။

ထိုလူနဲ့အနီးဆုံးအထိလျှောက်သွားလိုက်ကာ ဘေးဘက်ရှိ nanonစစ်ဆေးဖို့ရာ သုံးသွားသော ခုံကိုယူကာ ထိုလူရဲ့ဘေးတွင်ထိုင်လိုက်သည်။

သူထိုလူအား သေချာစိုက်ကြည့်နေရင်း ခုနက စကားတွေကို ပြန်ကြားယောင်လာသည်။

H̷E̷ ̷C̷A̷L̷L̷ ̷M̷E̷ ⚠🔥[Completed]Where stories live. Discover now