Part [11]🔞🔥

1.5K 50 14
                                    


[unicode]

idolကိုထိခိုက်လိုစိတ်မရှိပါ

"သခင်လေး..အိမ်ထဲမှာ..သခင်လေးရဲ့..အ..အမေရောက်နေပါတယ်"

khaotung နားကြားများ မှားသွားသလားအောက်မေ့ရအောင် ဖြစ်သွားတာကြောင့် ထပ်မေးလိုက်သည်။

"ဘယ်သူလို့ပြောလိုက်တာလဲ!!!"

khaotungက မကြားသလိုပြန်မေးလိုက်ပေမယ့် သူ့ရင်ထဲမှာတော့ အမုန်းတရားတွေကြောင့် လောင်မြိုက်နေပြီးဖြစ်သည်။

"သခင်လေး!"

khaotungက လူသတ်ချင်သည့်မျက်လုံးများဖြင့် အိမ်ထဲဝင်သွားတာကြောင့် ကြီးကြီးမေ လှမ်းတားကာ အိမ်ထဲလိုက်ဝင်သွားသည်။

firstကတော့ သခင်လေးရဲ့အမေဆိုတဲ့အသံကြောင့် ဘာတွေဆက်ဖြစ်မလဲဆိုတာကို ရင်လေးစွာတွေးနေမိပြီးနောက် အနောက်ကလိုက်သွားတော့သည်။

khaotungအိမ်ထဲရောက်တော့ ဧည့်ခန်းထဲမှာ သူ့အမေဆိုတဲ့သူက တစ်အိမ်လုံးကိုစပ်စုနေသည့် မျက်ဝန်းများဖြင့် လိုက်ကြည့်နေကာ သူ့ကိုမြင်တော့ အံ့သြသွားပြီးနောက် မျက်လုံးထဲမှာ နူးညံ့ခြင်းတွေပြောင်းလဲကာ အစားထိုးလိုက်သည်။

khaotungရွံလွန်းလို့ အန်ထွက်မတတ်...၊သူမကို သူငယ်ငယ်ကတည်းကသိလာတာ...သူမက တစ်ခုခုလိုချင်တိုင်း ဘယ်လိုဟန်ဆောင်ပြရမလဲဆိုတာ နားလည်တယ်။

"သား...အ.."

ဒုန်း!!!!

khaotungစိတ်တိုလွန်းတာကြောင့် ဘေးက စားပွဲခုံအား အားဖြင့်ကန်လိုက်သည်။

"ခင်ဗျားရဲ့ ရွံစရာကောင်းတဲ့ပါးစပ်တွေနဲ့ ကျုပ်ကိုသားလို့လာမခေါ်နဲ့!!!"

သူမက မျက်နှာတစ်ချက်ပျက်သွားသော်လည်း ချက်ချင်း နူးညံ့ချင်ယောင်ပြန်ဆောင်လိုက်သည်။

"မင်းနာကျဥ်းနေမယ်ဆိုတာ ​အ​​မေသိပါတယ်...ဒါပေမယ့် အမေပြောတာနားထောင်.."

ဝုန်း!!!!

khaotungက ခုနကစားပွဲကိုပဲယူကာ ကောက်လွှင့်ပစ်လိုက်သည်။

"အမေ..အဟက်!...ခင်ဗျားက ကိုယ့်ကိုကိုယ်အမေလို့ သုံးနိုင်သေးတယ်ပေါ့၊ ခင်ဗျားနေရာမှာကျုပ်သာဆိုရင် ရှက်လွန်းလို့ ဆယ်ခါပြန်သေပြီးနေပြီး"

H̷E̷ ̷C̷A̷L̷L̷ ̷M̷E̷ ⚠🔥[Completed]Where stories live. Discover now