Part [4]

820 50 9
                                    


[unicode]

firstဒီနေ့လည်း ပုံမှန်အတိုင်းပင်...

သခင်လေးအား မျက်နှာသစ် သန့်စင်ပေးကာ အကျီဝတ်ပေးတဲ့အလုပ်ကို လုပ်ရသည်။

သူ့အသားကို တခြားသူထိတာမကြိုက်တဲ့သခင်လေးက သူကလွှဲရင် ဘယ်သူ့ကိုမှ ပေးမထိပေ။ ဒါကလည်း သဘောကျစရာတစ်ခုဖြစ်ပြီး သခင်လေးဘယ်လောက်ပဲနှိပ်စက်နှိပ်စက် ဖြေသိမ့်နိုင်တဲ့အကြောင်းအရင်းလေးတစ်ခုပင်။

သခင်လေးကုမ္ပဏီသွားသည်အထိ ဘာပြဿနာမှမရှိတာမို့ သူအနည်းငယ်စိတ်သက်သာသွားသည်။

ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ ဘာပြဿနာမှမဖြစ်အောင်နေရမယ်။

......................

ကုမ္ပဏီအစည်းအဝေးခန်း.....

"ဒီနေ့အစည်းအဝေးခေါ်ရတဲ့အကြောင်းအရင်းကို အားလုံးလဲသိမှာပါ"

"....."

"ကုမ္ပဏီက ရှယ်ရာတွေထိုးကျနေပြီး ရှယ်ရာရှင်တွေတော်တော်များများလည်း ထွက်ကုန်တယ်....ကျုပ်ဒီနေ့ပြောချင်တာက ဒီကုမ္ပဏီကို ဖျက်သိမ်းပြီး Yong vc ဆိုတဲ့ ကုမ္ပဏီကိုပဲ ဦးစီးပါတော့မယ် အဲ့တာကြောင့် ရှယ်ရာရှင်တွေအားလုံး ကိုယ့်ရှယ်ရှာတွေကိုယ်ထုတ်ပြီး သွားလို့ရပါပြီး"

သူပြောလိုက်တာကြောင့် အခန်းထဲကလူတွေအကုန်လုံး ပြာယာခတ်ကုန်ကျသည်။

သူတို့တွေက ဒီလူငယ်လေးကိုပူပေါင်းပြီး ကုမ္ပဏီကို ဒေဝါလီခံအောင် လုပ်ခဲ့တာ...ထိုလူငယ်လေးရဲ့ ကျဆုံးခန်းကို မြင်ချင်လို့ပင်၊ ဒါပေမယ့်အခု ထိုလူငယ်လေးက မကျဆုံးသည့်အပြင် စီးပွားရေးလောကရဲ့ အကြီးဆုံးနဲ့အအောင်မြင်ဆုံး ကုမ္ပဏီကိုပါ ပိုင်ဆိုင်ထားသည်တဲ့လား။

သူတို့တွေအကုန်လုံး အသိနောက်ကျသွားတာကြောင့် ဘာမှမလုပ်နိုင်တော့ပဲ စိတ်ပျက်စွာပင် ကိုယ့်ရှယ်ရာတွေကိုပြန်ယူလိုပ်ရတော့သည်။

"Yong vcကိုသွားမယ်"

..............

"အားလုံးကိုအသိပေးချင်တာက ဒီနေ့ကစပြီး ဒီကုမ္ပဏီကို ကျုပ်ဦးစီးမယ်ဆိုတာပါပဲ...အခုကစပြီး ကျုပ်ကတစ်ယောက်ချင်းစီကို သေချာစောင့်ကြည့်မှာမို့ အရင်ကထက်ပိုပြီးဂရုစိုက်ကြပါ"

H̷E̷ ̷C̷A̷L̷L̷ ̷M̷E̷ ⚠🔥[Completed]Where stories live. Discover now