Part [10]

803 44 9
                                    


[unicode]

idolကိုထိခိုက်လိုစိတ်မရှိပါ

"nanonkorapat...!!!"

ကြီးကျယ်လှတဲ့ အိမ်အတွင်း ထိုအသံသည် ဘလူးတုမပါပဲ ကျယ်လောင်စွာထွက်ပေါ်လာသည်။

ကာယကံရှင်ကတော့ ဘယ်မှာနေလဲမသိ..အရိပ်အယောင်တောင်မတွေ့ရပေ။

"ဟို...အ..အကိုလေးက..အပြင်သွား..ပါတယ်"

khaotungအသံလာရာကိုကြည့်လိုက်တော့ အိမ်က အလုပ်သမားမလေးတစ်ယောက်။

khaotungတစ်ချက် မျက်ခုံးပင့်လိုက်ပြီး

"အိုး...ဟုတ်လား၊ ငါယုံချင်ပေမယ့် မင်းမျက်နှာပေါ်မှာ လိမ်နေပါတယ်ဆိုပြီး ရေးထားတယ်..."

သူပြောလိုက်တော့ ထိုကောင်မလေးက တစ်ချက်တုန်သွားပြီး အကြည့်လွှဲသွားသည်။

သူလည်း ဘာမှမပြောတော့ပဲ အပေါ်ထက်အခန်းထဲ တက်လာခဲ့လိုက်သည်။

တံခါးဖွင့်ကြည့်လိုက်တော့ လော့မခတ်ထားကြောင်း သိလိုက်တာကြောင့် အထဲဝင်လာခဲ့လိုက်သည်။

အခန်းထဲရောက်တော့ ကုတင်ပေါ်မှာ ခြေကားယား လက်ကားယားအိပ်နေတဲ့ကောင်ကို တွေ့လိုက်ရသည်။

ဒါက အပြင်သွားတဲ့သူလား။

"nanon!!!"

nanonချက်ချင်း နိုးသွားသည့်အကြောင်းမှာ khaotungက အော်ရုံတင်မဟုတ်ပဲ ခြေထောက်နဲ့ပါ ဆောင့်ကန်လိုက်တာကြောင့်ပင်။

"အား....ဘယ်မအေ-ိုးကငါ့ကိုလာကန်တာလဲ"

"မင်းအဖေ!"

"ဟင်..ငါ့အဖေက သေသွားပြီးမဟုတ်ဘူးလား..အော် မဟုတ်ဘူး..နိုင်ငံခြားမှာ...အဲ့တာဆို နိုင်ငံခြားကပြန်လာတာလား...အဖေ ပြန်လာတာကျွန်တော့်ကိုလည်း အကြောင်းမကြားဘူး"

အခုထိ မျက်လုံးမဖွင့်သေးပဲ သကောင့်သားက ဘာတွေပြောနေမှန်းမသိ။..သူစိတ်ပေါက်ပေါက်နဲ့ ခေါင်းကို ဖြတ်ရိုက်လိုက်သည်။

"မင်းစောက်လုံးဖွင့်ပြီးကြည့် ငါဘယ်သူလဲဆိုတာကို"

"အော်..ဟီး...ငါ့သူငယ်ချင်းကြီး khaotungပါလား၊ ငါအိပ်ငိုက်နေလို့ နောက်နေ့မှပြန်လာပါလား..နော်"

H̷E̷ ̷C̷A̷L̷L̷ ̷M̷E̷ ⚠🔥[Completed]Kde žijí příběhy. Začni objevovat