Part [9]

811 46 8
                                    

[unicode]

idolကိုထိခိုက်လိုစိတ်မရှိမရှိပါ

khaotung အကုန်လုံးရှင်းပြီးတာနဲ့ အိမ်ကိုအလောတကြီးပြန်လာခဲ့လိုက်သည်။

အိမ်ထဲရောက်တော့ တစ်အိမ်လုံးကတိတ်ဆိတ်နေတာကြောင့် ဧည့်ခန်းထဲလျှောက်လာတော့ ငိုနေတဲ့ ကြီးမေကိုတွေ့လိုက်ရတာမို့ သူစိတ်ပူသွားမိသည်။

"ကြီးမေ!...ဘာဖြစ်လို့လဲ၊ ဟိုလူကဘယ်မှာလဲ"

"သ..သခင်လေး.."

"သခင်လေး...အကိုfirstကို ရဲတွေကအိမ်မှာလာဖမ်းသွားပါတယ်...ကျွန်မတို့လည်း တားပေမယ့် ဖမ်းဝရမ်းပါလာတာကြောင့် ဘာမှလုပ်မရလို့ပါ"

"ဘာ!!!"

ဘယ်လိုလုပ်ပြီး ရဲတွေကရောက်လာတာလဲ၊ ဘယ်သူကအမှုဖွင့်လိုက်လို့လဲ...။

သူချက်ချင်းပင် ရဲစခန်းသို့မောင်းထွက်လာခဲ့လိုက်သည်။

.....

"ဘာ!!...သူ့ကိုတစ်ခြားတစ်ယောက်က လာထုတ်သွားပြီး..ဟုတ်လား"

"ဟုတ်ပါတယ်ခင်ဗျ"

"တောက်!!"

ထို'တောက်'ခေါက်သံကြောင့် ဘေးနားက ထောင်မှူးသာမက ဝန်ထမ်းတွေပါ လန့်သွားကြသည်။ အေးစက်လွန်းသည့် မျက်နှာထားနဲ့ ထိုလူသည် ဘယ်လောက်တောင် အရှိန်အဝါကြီးလဲ ခန့်မှန်းလို့ရသည်။

ကာယကံရှင် khaotungသည်တော့ ထိုသည်ကိုဂရုမစို​က်ပဲ တစ်ယောက်ယောက်ကို ဖုန်းခေါ်နေသည်။

"ဟယ်လို"

"nanon...ဟိုလူဘယ်မှာလဲ"

"ဘယ်သူလဲ"

"ငါ့ကိုအရူးကွက်နင်းမနေနဲ့ ဒီကိစ္စက မင်းနဲ့မင်းကောင် ပူးပေါင်းပြီးလုပ်ထားတယ်ဆိုတာ ငါသိတယ်..မင်းပြောမလား ငါအခုမင်းဆီလားရမလား"

"ကောင်းပြီလေ...မင်းတကယ်လို့ ငါ့ဆီလာနိုင်တယ်ဆိုရင် လာလိုက်လေ...မင်းလုပ်နိုင်တယ်ဆိုရင်ပေါ့"

"nanon...မင်းကငါ့နဲ့ လာကစားချင်တာလား"

"ဟုတ်တယ်...မင်းလို နှလုံးသားမရှိတဲ့ကောင်ကို ပညာပေးချင်လို့ ပြီးတော့ အမြင်မှန်လည်းရစေချင်တယ်"

H̷E̷ ̷C̷A̷L̷L̷ ̷M̷E̷ ⚠🔥[Completed]Where stories live. Discover now