Part [12]

858 42 14
                                    


[unicode]

idolကိုထိခိုက်လိုစိတ်မရှိပါ

နောက်နေ့တွင်တော့ နေ့လည်ရောက်မှသာ khaotungနိုးလာသည်။

သူရင်ခွင်ထဲမှာ အိပ်နေတဲ့လူကြီးအား ခဏကြည့်လိုက်ပြီးနောက် ထိုလူရဲ့ပါးပြင်အား ဖွဖွလေး နမ်းရှိုက်လိုက်သည်။

ပြီး​နောက်ထလိုက်တော့ သူ့တစ်ကိုယ်လုံးရှိ နာကျင်ကိုက်ခဲနေမှုကိုခံစားလိုက်ရသည်။
     သူတို့တွေ မနက်၅နာရီလောက်မှ အိပ်ခဲ့ခြင်းဖြစ်တာကြောင့် ပင်ပန်းနေတာမဆန်းပေ။

နာကျင်မှုဒဏ်ကိုခံယူကာ မပ်တပ်ရပ်လိုက်ရင်း သူသာဒီလောက်ဖြစ်နေရင် သူ့ရဲ့သက်လျာဆိုရင်ရော ဘယ်လောက်တောင်ခံစားနေလိမ့်မလဲ။

သူသက်ပြင်းချလိုက်ပြီးနောက် အောက်ထပ်သို့ဆင်းလာကာ ကြီးမေအား ဆန်ပြုတ်ပြုတ်ခိုင်းထားလိုက်သည်။

ပြီးတာနဲ့ nanonဆီကိုဖုန်းဆက်လိုက်သည်။

"nanon...အကိုက်အခဲပျောက်ဆေးအပြင်းစားရှိလား"

"ဟင်..မင်းကအဲ့ဆေးကိုဘာလုပ်ဖို့လဲ၊ တစ်ခုခုဖြစ်လို့လား"

"ငါမဟုတ်ဘူး...ငါ့ရဲ့အိမ်သူသက်ထားဖြစ်တာ"

"P'firstက ဘာဖြစ်! အော်...ဟားဟား...ငါသိပြီး ငါသိပြီး၊ အဲ့ဒီဆေးက မင်းဆီမှာရှိတယ်...ဆေးဘူးမှာ အကိုက်အခဲပျောက်ဆေးဆိုပြီး ရေးထားတာရှိတယ် အဲ့ဆေးပဲ"

"အေး.."

တီ....

ပြောပြီးတာနဲ့ khaotungဖုန်းချက်ချင်းချလိုက်သည်။

nanonကတော့ ချသွားသည့်ဖုန်းအား ကြည့်ကာ ကျိန်ဆဲနေတော့သည်။

နောက်တစ်ခါငါမင်းထက်အရင် ဖုန်းချပြမယ်။

khaotung ဆေးပုံးထဲက nanonပြောသည့်ဆေးအား လိုက်ရှာလိုက်တော့ အလွယ်တကူပင်ရှာတွေ့လာသည်။

သူအဲ့ဒီဆေးအားယူကာ ဆေးနှစ်လုံးထုတ်လိုက်ပြီး ကုတင်ဘေးက စားပွဲပေါ်၌တင်လိုက်ကာ ရေတစ်ခွက်ပါ အဆင်သင့်ထားထားလိုက်သည်။

ပြီးတာနဲ့ firstရဲ့ အောက်ပိုင်းဆီသို့လက်လှမ်းလိုက်ကာ ကွဲနေသည့်တွင်းပေါက်လေးအား ဆေးလိမ်းပေးလိုက်သည်။

H̷E̷ ̷C̷A̷L̷L̷ ̷M̷E̷ ⚠🔥[Completed]Where stories live. Discover now