အပိုင်း၆

29.4K 2K 301
                                    

Uni

" ဟော ခွန်းရောင်ခြည်လေးပြန်လာပြီလားကွဲ့..."

" ဟုတ်အန်တီ နေ့လည်စားစားပြီးပြီလားဗျ..."

" မစားရသေးပါဘူးကွယ်...ကျော့မဒီကချက်တုန်းကွဲ့ အော် ဥပဓိမောင်ကမင်းနဲ့ပြောစရာရှိတယ်တဲ့ အဲ့တာသွားလိုက်အုန်းနော်..."

" ဟုတ်ကဲ့အန်တီ..."

ခြံထဲမှာအပင်တွေရေလောင်းရင်းဒေါ်လှတင့်ကဆိုလာသည်ကိုခွန်းရောင်ခြည်ပြုံးပြ၍သာပြန်ဖြေကြားရင်းအိမ်ထဲဝင်လာလို့ဥပဓိမောင်အခန်းရှိရာကိုတက်သွားလိုက်သည်။

" ဥပဓိမောင်..."

" ဝင်ခဲ့ မောင်ရှိတယ်..."

အခန်းအပြင်ကနေအသံပြုလိုက်တော့အခန်းထဲကဝင်ခဲ့ရန်ဆိုလာတာမို့ခွန်းရောင်ခြည်အသာလေးတံခါးဖွင့်ကာဝင်သွားလိုက်သည်။အထဲရောက်တော့ကုတင်ခြေရင်းကခုံမှာစာရွက်စာတန်းတွေကြည့်နေသူဟာခွန်းရောင်ခြည်ကိုတွေ့တာနဲ့ပြုံးပြလို့။

" အဲ့ဘူးထဲကဟာကိုကြည့်ကြည့်...တော်ရဲ့လားတော့မောင်မသိပေမဲ့မင်းကိုယ်ကအမကိုယ်လောက်ဘဲရှိမယ်ထင်လို့မောင်ချုပ်ခိုင်းထားတာ..."

စားပွဲပေါ်ကဘူးလေးအားဥပဓိမောင်ကမေးငေါ့ရင်းဆိုလာတာမို့ခွန်းရောင်ခြည်အူကြောင်ကြောင်လေးဖြင့်အနားလေးတိုးသွားကာဘူးလေးအားဖွင့်ကြည့်လိုက်သည်။

အထဲမှဘာများလဲဆိုပြီးစူးစမ်းကြည့်လိုက်တော့အဖြူရောင်လည်ကတုံးလေးနဲ့ရွှေချည်ထိုးထားတဲ့ပုဆိုးလေးတွေ့လိုက်ရတာကြောင့်ဥပဓိမောင်အားလှည့်ကြည့်ကာ။

" ဘာအတွက်လဲ..."

" မောင်နဲ့မနက်ဖြန်ကျရင်ဘုန်းကြီးကျောင်းမှာမဂ်လာဆွမ်းလေးသွားကပ်ကြမယ်လေ...ဒါလေးတော့လိုက်လျောပေးမယ်မဟုတ်လား။ "

ဥပဓိမောင်အပြောကြောင့်ခွန်းရောင်ခြည်ခနတာတိတ်ဆိတ်သွားသည်။မဂ်လာစာချုပ်မှာလက်မှတ်ထိုးပြီးပေမဲ့မဂ်လာမဆောင်ရင်တောင်မဂ်လာဆွမ်းလေးတော့ကပ်သင့်သည်မှတ်လား။သူ့ကိုမချစ်အုန်းတော့ဥပဓိမောင်ကသူ့ယောကျာ်းဘဲလေ...

နှလုံးသားရဲ့ အထူးဧည့်သည် ( complete ) Where stories live. Discover now