အပိုင်း၁၇

23.2K 1.5K 189
                                    

Uni

မနက်အစောကြီးအိမ်ကလူတွေအားလုံးဘုန်းကြီးကျောင်းကိုသွားကြလေသည်။လူကများသည်မို့ကိုချစ်နိုင် မကျော့မဒီ ကလေးနှစ်ယောက်နဲ့ဒေါ်လှတင့်ကကားတစ်စီးဖြစ်ပြီး ဥပဓိမောင် ခွန်းရောင်ခြည် ပိုင်စေရာတို့သုံးယောက်ကတော့ဦးသောင်းမောင်းတဲ့ကားရဲ့နောက်ခန်းမှာ။

ယောကျာ်းသားသုံးယောက်ကအနောက်ခန်းမှာစုထိုင်သည်မို့ကြားကခွန်းရောင်ခြည်ကျပ်နေတာအမှန်။အရှေ့ခုံကမောင်းသူဘေးကနေရာမှာတစ်ယောက်ထိုင်လို့ရပါလျက်နဲ့သွားမထိုင်ကြ။

"  ဒါပြီးရင်ရုံးမသွားနဲ့နော်ဥပဓိမောင်နေကသိပ်ပူတာလူကပင်ပန်းရင်နုံးနေရော နားလည်သလား။ "

" ဟုတ်ကဲ့ မောင်နားလည်ပါတယ်..."

" ဒါဖြင့်ပိုင်စေရာလဲညထိနေနော် ညကျရင်ကိတ်ခွဲကြမှာကလေးတွေကမင်းကိုသိပ်လွမ်းနေရှာတာ..."

" အင်းပါကိုယ်နေပါ့မယ်...ဒါဖြင့်ဘုန်းကြီးကျောင်းရဲ့တစ်ဖက်လမ်းကဘုရားလေးထဲပြီးရင်ဝင်ကြမလားရောင်ခြည်..."

" အင်းကောင်းသားဘဲ သွားကြတာပေါ့။ဥပဓိမောင်လဲလိုက်ခဲ့လေ "

ခွန်းရောင်ခြည်ကလိုက်မယ်ဆိုတော့ပိုင်စေရာပြောမိပေမဲ့ဥပဓိမောင်ပါအတူလိုက်ခိုင်းတာကြောင့်ပိုင်စေရာအပျော်တွေပျက်သွားသည်။သူမပါဘဲသွားလို့မရဘူးလား။

မိသားစုတွေဘုန်းကြီးကျောင်းမှာဒီးဒီးနဲ့နီနီအဖို့မွေးနေ့အလှူလေးလုပ်ကာဒေါ်လှတင့်တို့ကဘုန်းကြီးကျောင်းမှာနေခဲ့ပြီးဥပဓိမောင် ခွန်းရောင်ခြည်နဲ့ပိုင်စေရာတို့သုံးယောက်သားကတော့တစ်ဖက်လမ်းကဘုရားဘက်ကိုလာလိုက်ကြသည်။

" နေပူတော့ကြွေပြားတွေကပူနေတယ်မောင့်ခြည် ခြေဖွဖွလေးဘဲနင်း သဘောပေါက်သလား..."

" အင်းပါ...နေ့နာမ်တွေမှာရေသွားသပ္ပါယ်ကြရအောင်လေ လာလေပိုင်စေရာ..."

" အင်း..."

နေပူဒဏ်ကြောင့်ဘုရားကြမ်းပြင်ကကြွေပြားတွေကပူနေတာကြောင့်ဥပဓိမောင်ကောပိုင်စေရာကောခွန်းရောင်ခြည်ခြေထောက်လေးအပူလောင်မှာစိုးနေကြလေသည်။သုံးယောက်သားနေ့နာမ်ကိုယ်စီမှာရေသပ္ပါယ်အပြီးဘုရားစောင်းတန်းလေးတစ်ခုမှာဝင်နားလိုက်ကြသည်။

နှလုံးသားရဲ့ အထူးဧည့်သည် ( complete ) Where stories live. Discover now